အားလုံး အဆင်မပြေ ဖြစ်နေချိန်မှာ အနုကြမ်းနည်းနဲ့ လုပ်စားနေတဲ့ YBS (၉၁) ကားသမား

ဒီနေ့ အဖြစ်ပျက်လေးကိုပြောပြရဦးမယ်.. ၉၁ ကားသမားမြင်ပါစေနော်..

ထောက်ကြန့် ကနေ ​မှော်ဘီမြောင်းတကာကို ဆေးထုပ်သွားပို့တာ.. အသွားတုန်းကလဲ ကားခ တထောင်ပါ.. အပြန်လဲ ကျရော ၁၅၀၀ တဲ့..

ကိုယ်လဲကားပေါ်ရောက်နေပြီလေ အဲ့ဒါနဲ့ ပြောလိုက်ပါတယ်.. ငါလဲကားပေါ်ရောက်နေမှတော့ ၁၅၀၀ ဆိုတော့လဲ ၁၅၀၀ ပေါ့လေ လို့..

မတအားစားရင် မတအားခံရမှာဘဲ ယူပေါ့လို့.. ပြောလိုက်မိတယ်.. အဲ့မှာ ကားသမားကပေါက်ကွဲပြီး ထပြောရော အကုန်လုံး ၁၅၀၀ ဘဲယူနေကြတာတဲ့..

အဲ့ဒါနဲ့ ညီမလဲပြောလိုက်တယ်.. ငါလာတုန်းက ၁၀၀၀ ထဲပေးရတာလို့.. အဲ့တော့ကားသမားက ကားချင်းမတူဘူးတဲ့.. မတူရအောင်နင်တို့က အဲကွန်းပါနေလို့လားပေါ့..

အဲ့တော့ကားသမားက ကုန်စျေးနှုံး နဲ့ ဆီဖိုးနဲ့ရှိတယ်တဲ့.. ရှိလဲ တန်ရာတန်ရာဘဲယူပေါ့လို့ ပြန်ပြောလိုက်တယ်.. ကုန်စျေးနှုံး တက်တာ တနိုင်ငံလုံးလေ ငါတို့လဲ ပိုက်ဆံကို အလွယ်ရနေတာမရှိဘူး။

နင့်တို့ဘဲ ပိုက်ဆံကို ရှာရခက်နေတာမဟုတ်ဘူး.. ငါတို့လဲ ပိုက်ဆံကို ခက်ခက်ခဲခဲရှာနေရတာလို့ ပြန်ပြောလိုက်တယ်။

အဲ့တော့ ကားသမားကလဲ ပိုက်ဆံပြန်ပေးလိုက် အာရုံနောက်တယ်တဲ့.. မိန်းခလေးဖြစ်ပြီး မရှက်ဘူးလားတဲ့.. ရှက်ရမှာ ငါမဟုတ်ဘူး မိန်းခလေးနဲ့တုပြီး ဖြစ်နေတဲ့နင် ရှက်ရမှာလို့.. ပေး ငါ့ပိုက်ဆံဆိုပြီးပြောလိုက်တော့ ။

တမှတ်တိုင်ရှိပြီတဲ့ ခေါက်တိုကြေး ၅၀၀ လိုက်တဲ့.. ညီမလဲ ပြောလိုက်ပါတယ်.. သေလိုက်ပါလားလို့ နင်တို့အရင်ဆင်းခိုင်းတာလေ.

. ငါပေးစရာလားဆိုပြီး ညီမ ၁၅၀၀ ယူပြီး နောက်ကား ပြောင်းစီး လိုက်တယ်.. နောက်ကားက ၁၀၀၀ နဲ့ပါ။

ပြောချင်တာက သူများပိုက်ဆံကို တန်ရာတန်ကြေးယူပါ.. ကားသမားများ လောကမှာ မတအားစားရင် မတအားခံ ရတက်ပါတယ်.. ကားသမားတွေမှ မဟုတ်ပါဘူး အားလုံးအားလုံးကို ပြောချင်တာပါ..

Credit > Thu Zar