ငွေကြေးနဲ့ ပတ်သက်လာရင် လူအများစု ပြုလုပ်တတ်တဲ့ အမှား (၅)ခု

ငွေကြေးနဲ့ ပတ်သက်လာရင် လူအများစု ပြုလုပ်တတ်တဲ့ အမှား (၅) ခု

ကိုယ်ပိုင်ငွေကြေးကို ကိုင်တွယ်စီမံရတဲ့ အခါ ဘယ်လောက်ပဲ ပိုက်ဆံရှာနိုင်နေပါစေ မထင်မှတ်ထားတဲ့ အခြေအနေတွေ

လူအများစုရဲ့ချို့ယွင်းချက်တွေကြောင့် ပိုက်ဆံ စုဆောင်းဖို့က နောက်ဆုတ်နောက်ဆုတ် သွားတတ်ပါတယ်။

အခုလို အခြေအနေဟာ ပင်စင်ယူဖို့ အချိန် နီးလာလေလေ ပိုပြီး ဆိုးကျိုးတွေ သက်ရောက်လာစေနိုင်လေလေပါပဲ။

အိုဇာတာ ကောင်းဖို့အတွက် ဘယ်လိုပုံစံမျိုးတွေနဲ့ ငွေရေးကြေးရေးကို ကိုင်တွယ်ရမလဲဆိုတာကို အခုပဲ ပြောပြပေးချင်ပါတယ်။

၁။ အကူအညီ တောင်းခံဖို့ကို ဝန်မလေးပါနဲ့

မာနတွေကြီးပြီးတော့ အရာရာကို ကိုယ့်ဘာသာ လုပ်မယ်ဆိုပြီး ကြိုးစားခြင်းက ဆုံးဖြတ်ချက် အမှားတွေကို မဆင်မခြင် ချမှတ်လိုက်နိုင်ပါတယ်။

ဝန်မနိုင်ဘဲနဲ့ ကိုယ့်ဘာသာပဲ အရာရာ လုပ်လိုက်ရာကနေ မနိုင်မနင်းတွေ ဖြစ်လာနိုင်လို့ စောစောစီးစီးကတည်းက သိနားလည် တတ်ကျွမ်းသူတွေကို အကူအညီ တောင်းခံပါ။

၂။ သူများဆီမှာရှိတာကို မနာလို မဖြစ်ပါနဲ့

မနာလိုမှုကနေတဆင့် သူများတွေနဲ့ ယှဉ်ပြိုင်မှု ဖြစ်လာစေပါတယ်။ သူများတွေက ကားအသစ်တွေစီးတာ၊ အိမ်အသစ် ဝယ်တာ၊

ကလေးတွေကို ပိုပြီးကောင်းတဲ့ ကျောင်းတွေပို့တာ ဒီလိုအခြေအနေမျိုးတွေကို အားကျပြီးတော့ အတင်း လိုက်ပြိုင်ရာကနအခန့်မသင့်ပါက ငွေရေးကြေးရေးယိုင်နဲ့မှုတွေ ဖြစ်လာစေနိုင်လို့ ကိုယ့်စီးပွားရေး တိုးတက်စေဖို့ ငွေကြေးမြုပ်နှံမှုတွေသာ ပြုလုပ်ပါ။

၃။ အမျက်ဒေါသကြောင့် ဆုံးဖြတ်ချက်တွေ မမှားမိ ပါစေနဲ့

အလုပ်ထွက်တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လာရင် ကိုယ့်ရဲ့ဒေါသက ဆုံးဖြတ်ချက်တွေကို ဖုံးလွှမ်းမသွားပါစေနဲ့။

ကြိုတင်ပြင်ဆင်မှုတွေ၊ စီစဉ်မှုတွေ ဘာတစ်ခုမှ မလုပ်ထားဘဲအလုပ်ထွက်ဖို့ ကြိုးစားခြင်းက အသက်ကြီးတဲ့အခါ စုဆောင်းထားမှု မရှိတာမျိုးတွေ ဖြစ်သွားစေနိုင်ပါတယ်။

၄။ လောဘ မကြီးပါနဲ့

ပိုက်ဆံရှိလေလေ လောဘ ပိုပြီးကြီးလေလေ ဆိုတာဟာ လူသားတိုင်းရဲ့ ဗီဇ တစ်ခုလိုဖြစ်နေပါတယ်။

ပိုက်ဆံနောက်ကို လောဘကြီးပြီး အရမ်းလိုက်ရာကနေ အမှားနဲ ့တွေ့ပြီး ဘဝပျက်သွားနိုင်တာကြောင့် တော်သင့်ရုံလောက်သာ ရှာဖွေစုဆောင်းပါ။

၅။ အပျင်းမကြီးပါနဲ့

ဘာမှမလုပ်ဘဲ ငုတ်တုပ်ထိုင်နေရုံနဲ့ ဘာပိုက်ဆံမှ လက်ထဲ ရောက်လာမှာမဟုတ်ပါဘူး။ လူအများစုက နောင်ရေးထက် လက်ရှိအခြေအနေကိုပဲ

အာရုံစိုက်ပြီး သုံးစွဲတတ်ကြတဲ့ အတွက်ကြောင့် အိုဇာတာကောင်းဖို့အတွက် ငယ်တုန်းရွယ်တုန်းမှာ ကြိုးစားရှာဖွေပြီး လက်မဖွာမိအောင် အတတ်နိုင်ဆုံး ကြိုးစားပါ။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website