ဓာတ်ဆီစျေး ဘယ်လောက်ပဲ တက်တက် ဒီနည်းလမ်းနဲ့ ကားမောင်းရင် ဆီမကုန်ပါဘူး (ကိုယ်တွေ့နည်းလမ်း)

ဓာတ်ဆီစျေး ဘယ်လောက်ပဲ တက်တက် ဒီနည်းလမ်းနဲ့ ကားမောင်းရင် ဆီမကုန်ပါဘူး (ကိုယ်တွေ့နည်းလမ်း)

အခုအချိန်မှာ​လောင်စာဆီ​စျေးကြီးမြင့်မှုဂယက်​ကြောင့်အားလုံး​ခေါင်းကိုက်စိတ်ညစ်​နေကြရပါတယ်။

ရန်ကုန်မြို့လမ်းမ​တွေမှာကား​တော်​တော်ရှင်းသွားတာလည်း​တွေ့ရတယ်။

ဘာမှမတတ်နိုင်ကြ​တော့အတတ်နိုင်ဆုံးဆီကုန်သက်သာမယ့်နည်းကိုစဥ်းစားကြတာ​ပေါ့။

ကားကဆီဘယ်လိုစားလဲ။လီဗာနင်း​လေစား​လေပဲ။ဒါ​ပေမဲ့နင်းတတ်ရင်ဆီစားသက်သာတယ်။ပုံထဲမှာကြည့်ပါ။

ဘယ်ဖက်အခြမ်းကRPMဒိုင်ခွက်ဖြစ်တယ်။လီဗာနင်းတဲ့အခါမှာRPMကို2မ​ကျော်ပါ​စေနဲ့။

ကားစထွက်ခါစမှာ​တော့2​ကျော်ချင်​ကျော်ပ​စေ၊အရှိန်ရလာပြီဆိုရင်2​အောက်မှာပဲနင်းပါ။Eco mode ကိုလည်းon ထားပါ။

ဒီအတိုင်း​မောင်းရင်ဟိုင်း​ဝေးဖြစ်ဖြစ်မြို့တွင်းဖြစ်ဖြစ်ဆီစားသိသိသာသာသက်သာပါလိမ့်မယ်။

​နောက်တစ်ခုကကားဘီး​လေ​လျော့ရင်လည်းကားက​၊လေးပြီးဆီပိုစားတယ်။

ကားကို​နေပူထဲမှာထားရင်လည်းဆီTankထဲကဆီ​တွေအ​ငွေ့ပျံတယ်။

မနက်​စော​စောနဲ့ည​နေပိုင်း​တွေမှာA/Cမသုံးပဲမှန်ဖွင့်​မောင်း​ပေါ့။

လိုအပ်မှပဲကားသုံးရမယ့်အ​ခြေအ​နေမျိုးဖြစ်​နေပါပြီ။​

လောင်စာဆီ​ဆေးအမြန်ကျပြီးပြည်သူများစိတ်ချမ်းသာမယ့်ရက်လျှင်မြန်​စောစွာ​ရောက်လာပါ​စေ။

Credit – မင်းကျော်ဝင်း