တစ်ခါသုံးပြီးတာနဲ့ ဘာနှုတ်ခမ်းနီမှ ဆိုးစရာမလိုတော့ဘဲ ထာဝရနှုတ်ခမ်းသားလေးတွေ ရဲတွတ်သွားမယ့် Lip Balm

အခုပြောပြပေးမယ့် Lip Balm ကိုသုံးပြီးတာနဲ့ နှုတ်ခမ်းလေးက သဘာဝအတိုင်း နှင်းဆီဖူးရောင်သန်းနေတော့မှာမို့

ဘာနှုတ်ခမ်းနီမှတောင် သုံးစရာမလိုတော့ပါဘူး။ သုံးရက်လောက်နဲ့တင် ရလဒ်ကို သိသိသာသာတွေ့ရမှာပါ။

ပါဝင်ပစ္စည်းများ

– Lip Balm ထည့်ရန် ဘူးလွတ် (၁) ဘူး

– သကြားမုန်လာဥရည် (Beetroot) (၂) ဇွန်း

– အုန်းဆီ (၁/၂) ဇွန်း

– Vaseline (၁) ဇွန်း

– Vitamin E (၂) လံုး

ပြုလုပ်ပုံ

ခုနက ပါဝင်ပစ္စည်းတွေအားလုံးရောလိုက်တာနဲ့ အသုံးပြုဖို့ အဆင်သင့်ဖြစ်သွားပါပြီ။

ဒီ Lip Balm ကို နှုတ်ခမ်းပေါ်မလိမ်းသေးခင် သွားတိုက်တံနဲ့ အရင်ဆုံးဆဲလ်သေတွေကို ပွတ်တိုက်ဖယ်ရှားပေးပါ။

သွားတိုက်ဆေးထည့်ပွတ်ဖို့မလိုပါဘူးနော်။ ပြီးသွားရင်တော့ ညအိပ်ယာဝင်ခါနီး Lip Balm ကို နှုတ်ခမ်းပေါ်တင်ပြီး အိပ်ယာဝင်လိုက်ပါ။

သုံးရက်လောက်ဆက်တိုက်ပြုလုပ်ပြီးတာနဲ့ လေးရက်မြောက်နေ့မှာ နှုတ်ခမ်းနီတောင်ဆိုးစရာမလိုတော့ဘဲ နှင်းဆီဖူးရောင်သန်းနေတဲ့ နှုတ်ခမ်းသားလေးကို တွေ့ရပါလိမ့်မယ်။

ပင်ကိုယ်နှုတ်ခမ်းမဲတဲ့သူတွေနဲ့ နှုတ်ခမ်းနီဆိုးများလို့ မဲသွားတဲ့သူတွေ၊ ဆေးလိပ်နဲ့ Chemical ကြောင့် မဲသွားတဲ့သူတွေအတွက်တောင် ထိရောက်တဲ့ နည်းတစ်မျိုးလည်းဖြစ်ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website