ကျန်းမာရေးဗဟုသုတမရှိတော့ ငှက်ပျောသီးကြောင့် ကလေးအသက်ဆုံးရှုံးရပြီ

ဌက်ပျောသီးမှာ ပိုတက်ဆီယမ်၊ ဗီတာမင် စီ ၊ B2တို့ပါဝင်ပြီး လူသားကျန်းမာရေးအတွက် အသုံးဝင်တဲ့ အသီးပါ။

ကလေးတွေစားရင်လည်း သူတို့လေးတွေရဲ့ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

ဒါပေမယ့် ကလေးတွေကျွေးတဲ့အခါ ဘယ်အရွယ်မှ ကျွေးသင့်တယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။

အဖြစ်ပျက်ဟာ အင်ဒိုနီးရှားမှာ ဖြစ်ပျက်ခဲ့တာပါ။ ခုမှမွေးတဲ့ကလေးလေးကို အဘွားဖြစ်သူက ကျန်းမာရေးဗဟုသုတမရှိတော့ ဌက်ပျောသီးကျွေးမိခဲ့တယ်။

ကလေးကို ကျန်းမာရေးကောင်းစေချင်လို့ ကျွေးကာမှ မထင်မှတ်ထားတဲ့ အဖြစ်ပျက်တွေကြုံရတော့တယ်။

ကလေးလေးဟာ ရက်ပိုင်းအတွင်း ကိုယ်အလေးချိန်တွေကျလာတယ်ဆိုပြီး အဘွားဖြစ်သူက စိတ်ပူကာ ဌက်ပျောသီးကို ထောင်ချေပြီးကျွေးလိုက်ပါတယ်။

ဒါပေမယ့် ကလေးရဲ့အစာခြေဖျက်စနစ်ဟာ သိပ်မလုပ်နိုင်သေးတဲ့အတွက် သွေးတွေ အန်ပါလာတော့တယ်။

ချက်ချင်း ဆေးရုံပို့တော့ ကလေးမှာ ကျင်ကြီးအိမ် သွေးထွက်နေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

အရေးပေါ်အခြေအနေမှာ ကလေးရဲ့နှာခေါင်း ၊ ပါးစပ်နဲ့ စအိုဝကနေ သွေးတွေထွက်လာပါတယ်။

ဆရာဝန်တွေလည်း အကောင်းဆုံးလုပ်ဆောင်ပါတယ်။

၁နာရီလောက် ကလေးကိုအသည်းသန်ကယ်တင်ခဲ့ပေမယ့် စိတ်မကောင်းစွာနဲ့ အသက်ဆုံးရှုံးလိုက်ရပါတယ်။

ဒီကလေးရဲ့ဖြစ်ရပ်ကို ဥပမာယူပြီး အခြားမိဘတွေလည်း ကလေးကိုအစာကျွေးတဲ့အခါ ကျန်းမာရေးဗဟုသုတရှိဖို့လိုအပ်ပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website