မြန်မာ့ ပိုက်ဆံ ငွေစက္ကူပေါ်က လက်မှတ်ပိုင်ရှင် မောင်ကောင်းဆိုတာ ဘယ်သူလဲလို့ နှောင်းလူတို့သိစေရန်အတွက်

မြန်မာ့ ပိုက်ဆံ ငွေစက္ကူပေါ်က လက်မှတ်ပိုင်ရှင် မောင်ကောင်းဆိုတာ ဘယ်သူလဲလို့ နှောင်းလူတို့သိစေရန်အတွက်

ကျွန်တော် တို့ ငယ်ငယ်ကတည်းကနေ အခုအချိန်အထိ ပြောဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။

အဲဒါက တခြားစကားတော့ မဟုတ်ပါဘူး။

“ ငွေ က တန်ဖိုး မရှိတော့ဘူး”စသဖြင့် ပြောဖူးပါတယ်။ပြန်လည်း ပြောခဲ့ကြဖူးပါတယ်။

“ စံလင်း၊ မောင်ကောင်း ခေတ်ကလို မဟုတ် မှ မဟုတ်ဘဲ ဘယ်လို တန်ဖိုးရှိမှာလဲ ..”ဆိုပြီး … စသဖြင့် ပေါ့ ..။

အမှန်တကယ် က သမိုင်း မှာဆိုတာထက် လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ် ၁၉၅၀ ပတ်ဝန်းကျင် ခေတ်က မြန်မာ့ငွေကြေး ဟာ တော်တော် တန်ဖိုး ရှိခဲ့ဖူးပါတယ်။..။

မြန်မာ့ငွေကြေး ကို နိုင်ငံတကာ က ဘဏ် တွေ လက်ခံခဲ့ကြပါတယ်။

အဲဒီလိုလက်ခံခဲ့တဲ့ အချိန်မှာ မြန်မာ့ ပိုက်ဆံ စက္ကူပေါ်မှာ “နိုင်ငံခြားသား တစ်ဦး နဲ့ မောင်ကောင်း” လက်မှတ် ပါဝင်ခဲ့ပါတယ်။

နောက်ပိုင်းကျတော့ “စံလင်း + မောင်ကောင်း” ဆိုတဲ့ လက်မှတ် တွေ ပါဝင်ခဲ့ပါတယ်။

ကျွန်တော် ပြောချင်တာ က အဲဒါပါ….အဲဒီမှာ လက်မှတ် ထိုးခဲ့တဲ့စံလင်းဆိုတာ ဘယ်သူလဲ ..???

မောင်ကောင်းဆိုတာ ဘယ်သူလဲ ..???

(စံလင်း ၊ နိုင်ငံခြားသားတစ်ဦး … ၂ ယောက် အကြောင်းကိုတော့ ထပ်ပြီး ဖွေရှာ တင်ဆက် ပေးပါမယ်)

အခုက … မောင်ကောင်း ဆိုသူအကြောင်း ပါ..။

ဆရာကြီးဦးကောင်း

“မြန်မာနိုင်ငံ သမိုင်း ကော်မရှင်” ၏ ဥက္ကဌကြီးမှာ ဆရာကြီး ဦးကောင်း ပဲ ဖြစ်ပါတယ်။

ဆရာကြီး ဟာ မြန်မာသက္ကရာဇ် ၁၂၆၆ ခု၊ သီတင်းကျွတ်လဆုတ် ၇ ရက်နေ့မှာ မြင်းခြံမြို့နေ အဖ ယစ်မျိုးဝန်ကြီး ဦးဘသော်နှင့် အမိ ဒေါ်ကြင်မြိုင်တို့မှ မွေးဖွားခဲ့ပါတယ်။

ဦးကောင်း ဟာ ၁၉၂၆ ခုနှစ်မှာ အင်္ဂလိပ်ဘာသာအထူးဂုဏ်ထူး ဖြင့် ဘီအေ အောင်မြင်ခဲ့ပါတယ်။

အင်္ဂလိပ် အစိုးရ က ဆရာကြီးကို နိုင်ငံခြားပညာတော်သင် အဖြစ် အင်္ဂလိပ်ပြည်၊ လန်ဒန် ယူနီဗာစီတီရှိ ကင်း ကောလိပ်ကျောင်း(King’s College) သို့ စေလွှတ်ပြန်ရာ

ထိုတက္ကသိုလ်တွင် ၁၉၂၇ ခုနှစ်တွင် ပညာသင်ကြားခဲ့ကာ ဒီပလိုမာဘွဲ့ထူးကို ဆွတ်ခူးခဲ့ရုံသာမက ၁၉၂၉ ခုနှစ်တွင်

မဟာဝဇ္ဇာဘွဲ့ထူးအောင်ပန်းကို ပထမတန်းမှနေ၍ ဆွတ်လှမ်းနိုင်ခဲ့ပြန်ပါတယ်။ ဆရာကြီး ရေးသားပြုစုသော

“ရှေးအကျဆုံးခေတ်မှ ၁၉၂၉ ခုနှစ်အထိ၊ မြန်မာပြည်၏ ပညာရေးသမိုင်းကြောင်း လေ့လာချက်” ကျမ်းစောင် က ဆရာကြီး ဦးကောင်း ကို အဲဒီဘွဲ့ထူး ကို ဆွတ်ခူးစေခဲ့တာဖြစ်ပါတယ်

ကျောင်းအုပ် – လက်ထောက် ပညာဝန်ထောက် – ပညာဝန်ထောက် – (ပထမတန်း) ပညာရေးဝန်ထမ်း – အထက်တန်းကျောင်းကြီး ကျောင်းအုပ်ကြီး –

ပထမဆုံး ပညာရေး အရာရှိချုပ် – ခရိုင်ပညာရေး အရာရှိ လက်ထောက် ပညာမင်းကြီး – အထက်တန်း ပညာရေးရာ အကြံပေးအရာရှိ စသဖြင့် အမျိုးမျိုး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံ တော် ငွေးကြေးဘုတ်အဖွဲ့ဝင် တစ်ဦး လည်း ဖြစ်ပါတယ်။ခန့်အပ်ခြင်းခံရပါတယ်။

၁၉၅၃ ခုနှစ်မှာ ဆရာကြီး ဦးကောင်းအား ပြည်ထောင်စု မြန်မာနိုင်ငံ တော် အစိုးရ က “စည်သူ” ဘွဲ့ထူးဖြင့် ချီးမြှင့်ခဲ့ပါတယ်။

အခုလက်ရှိမှာ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း နာယက အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ (ဦး) သော်ကောင်း ဟာ ဦးကောင်း ရဲ့ သား ဖြစ်သူဖြစ်ပြီး

(ဦး) သန့်သော်ကောင်း ကတော့ ဦးကောင်း ရဲ့မျိုးဆက် မြေးဖြစ်သူ ဖြစ်ပါတယ်။

သံပါးစပ်

Credit : မြ၀တီ