အာပုပ်ဆော်နံတာ၊ သွားမှာကျောက်တည်တာနဲ့ သွားချိုး (ဂျိုး) တက်တာတွေကို ပျောက်ကင်းစေမဲ့ သဘာဝသွားတိုက်ဆေး

အာပုပ်ဆော်နံတာ၊ သွားမှာကျောက်တည်တာနဲ့ သွားချိုး (ဂျိုး) တက်တာတွေကို ပျောက်ကင်းစေမဲ့ သဘာဝသွားတိုက်ဆေး

သွားနဲ့ခံတွင်းကျန်းမာရေးက သိပ်ကိုအရေးကြီးပါတယ်။ စကားပြောဆိုဆက်သွယ်ရမှာ ခံတွင်းနံ့မဆိုးဖို့လိုသလို အပြုံးချင်းဖလှယ်ရာမှာ ယုံကြည်မှုရှိဖို့လိုပါတယ်။

ဒီအတွက် ဘယ်လိုသွားတိုက်ဆေးတွေ ဝယ်ယူအသုံးပြုရမလဲလို့ တွေးနေပြီလား။

အဲဒီလို ကုန်ပစ္စည်းတွေဝယ်စရာမလိုဘဲ သဘာဝပစ္စည်းလေးတွေနဲ့ သွားတိုက်ဆေးပြုလုပ်နိုင်ပါတယ်။

ပါဝင်ပစ္စည်း….

အုန်းဆီသန့် စားပဲတင်ဇွန်း ၂ ဇွန်း

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းနှစ်မျိုးလုံးကို သေချာရောမွှေလိုက်ပါ။ ပြီးရင်သွားတိုက်တံပေါ်တင်ပြီး သွားတိုက်ပေးပါ။

အဲဒီလိုတိုက်ရာမှာ လျှာကိုလည်း တိုက်ဖို့မမေ့ပါနဲ့။
မုန့်ဖုတ်ဆိုဒါကြောင့် သွားတွေကို ဖြူဖွေးစေမှာဖြစ်ပြီး သွားချိုး (ဂျိုး) တွေကို ပျောက်ကင်းစေပါတယ်။

အုန်းဆီမှာပါတဲ့ Antimicrobial အစွမ်းကြောင့် လျှာပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေကို သေစေမှာပါ။

ဒါ့ကြောင့် အာပုပ်ဆော်နံံ့တာကို ပျောက်ကင်းစေပါတယ်။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်…

Credit: MyStyle