သစ်သီး၀ယ်မယ်ဆို… သစ်သီးဆိုင်တွေ လုံးဝမပြောပြတဲ့ အသီးရွေးနည်း

ပန်းသီးရွေးရင်… အစင်းလိုင်း ပါတာ ရွေးပါ။

အပေါ်ရော အောက်ရော အချိုင့် နက်နက်လေး ဖြစ်လေ ချိုလေ ပါ။

ငှက်ပျောသီ…း အပေါ်ရော အောက်ရော စိမ်းနေရင် မဝယ် ပါနဲ့။

သရက်သီး… မျက်နှာပြင် ပေါ်မှာ နှမ်းမဲလိုမျိုး အစက်အပျောက် ပါတာ ဝယ်ပါ။ ပို ချိုတယ်။

နဂါးမောက်သီး… ပိုလေးတာ ရွေးပါ။ အခွံ ထိပ်ဖျား စိမ်းလေ လတ်ဆတ်လေ ပါ။

မင်းဂွတ်သီး… ထိပ်ပိုင်း အခွံ စိမ်းလေ လတ်ဆက်လေ ပါ။

အောက်ခြေမှာ ရှိတဲ့ အပွင့် အခက်က မင်းဂွတ်သီး အတွင်းသား အရေအတွက် နဲ့ ညီမျှ ပါတယ်။ အပြင် အခွံ ပျော့လေ ပိုကောင်းလေ ပါ။

ဒူးရင်းသီး ရွေးရင်… အဆူး ကျဲရင် အသား များ မယ်။ အဆူး စိပ်တာ ရွေးရင် အသားနည်းမယ်။

အဆူး နှစ်ခုကို လက်နဲ့ ညှစ် ကြည့် ပါ။ ညှစ်လို့ ရရင် မှည့် နေပြီ။ ညှစ်လို့မရ မာမာကြီးဆို ရင့်သေးတယ်၊ မဝယ် ပါနဲ့။

နာနတ်သီး ရွေးရင်… ရွှေဝါရောင် သန်းနေတာ ရွေးပါ။ နာနာတ်သီး ဝပြီး ပုနေတာ မရွေးနဲ့၊ ပိန်ရှည်လေးရွေး။

ဖရဲသီး… လိုင်း ညီညီလေး ရှာဝယ် ပါ။ ပို ချိုပါတယ်။ ဖရဲသီး ရဲ့ ထိပ်ပိုင်း ကို နှိုင်းယှဉ်ကြည့်ပါ။ အဝိုင်း သေးတာမျိုး ရှာဝယ်ပါ။

Credit :Food for u