ယောက်ျားတစ်ချို့ ဖောက်ပြန်ရတဲ့ အဓိကအကြောင်းအရင်း…

ယောက်ျားတစ်ချို့ ဖောက်ပြန်ရတဲ့ အဓိကအကြောင်းအရင်း…

လောကမှာ အိမ်ထောင်သည် ဘဝရဲ့ အရေးအကြီးဆုံးသတိထားရမဲ့အရာဟာ အိမ်ထောင်ရေးဖောက်ပြန်ခြင်းပါပဲ။

အိမ်ထောင်ရေးဖောက်ပြန်ခြင်းကို လူမှုအသိုင်းဝန်းနှင့် လူမှုဝန်းကျင်ကလည်း လက်မခံသလိုဆွေမျိုးသားချင်း အသိုင်းဝန်းကလည်း လက်မခံပါ။

သို့သော်လည်း ဒီနေ့ခေတ်ကြီးမှာ ပုံစံအမျိုးမျိုးကြောင့် အိမ်ထောင်ရေးဖောက်ပြန်နေသည်ကို တွေ့နေရသည်၊ ကြားနေရသည်၊ မြင်နေရပါတယ်။

ဒီလိုအိမ်ထောင်ရေးဖတ်ပြန်ဖို့ရာ အဓိကကြတဲ့ အကြောင်းရင်းတွေကတော့…

၁။ သူစိမ်း မိန်းကလေးတစ်ယောက်နဲ့အနေနီးစပ်ခြင်း။

၂။ ဇနီးသည်နှင့် အနေဝေးခြင်း။

၃။ မိမိမှာ ပုံမှန်ဝင်ငွေကောင်းတဲ့အလုပ် အကိုင်ရှိခြင်း။

၄။ ရုပ်ရည် ရူပကာရှိခြင်း။

၅။ ရာထူး ပါဝါ|အာဏာရှိခြင်း။

၆။ စကားပြော လိမ္မာပါးနပ်ခြင်း။၇။မိန်းကလေးနဲ့ အားနည်းချက်ကို သိရှိခြင်း။

စသည့်အကြောင်းတရားတွေပေါ်မှာ အခြေခံပြီး အိမ်ထောင်ရေး ဖောက်ပြန်ကြတာများတတ်ပါတယ်။

သင့်မှာ ဘယ်လို့ အရည်ချင်းကောင်းတွေရှိနေပါစေ အိမ်ထောင်ရေး ဖောက်ပြန်ဖို့ မစဉ်းစားပါနဲ့။

ကိုယ့်ရဲ့ ဇနီးသည် အပေါ်မှာ သစ္စာစောင့်သိပါ။

သင်ဟာ အိမ်ထောင်ရေးဖောက်ပြန်တတ်တဲ့လူလို့ သင့်ရဲ့မိတ်ဆွေ ၊သင့်ရဲ့သူငယ်ချင်း တစ်ယောက်ဟာ သိထားတယ် ကြားထားတယ် ၊

မြင်ထားတယ် ဆိုရင်သင့်အပေါ်မှာ ဟိုအရင်ကလို ယုံကြည်မှုတွေ မရှိတော့ ဘူးဆိုတာ မမေ့ပါနဲ့။

သင့်ကို ပါးစပ်ကသာ ထုတ်မပြောတာ သူတို့ရဲ့မသိစိတ်ထဲမှာ သင်ကို ညရေးညတာမှာ အိမ်လည်ခေါ်ခြင်း၊

သူ၏ ညီမတွေ အမတွေ ၊ ဇနီးမယားတွေနဲ့ မိတ်ဆက်ပေးရမှာ သင့်အပေါ်မယုံမကြည် ဖြစ်နေမှာပါ။

ဘာလို့လည်းဆိုတော့ သင်ဟာ အိမ်ထောင်ရေးဖောက်ပြန်ချင်စိတ်၊တနည်းပြောရရင်သင်ဟာ သစ္စာမရှိတဲ့လူလို့ သူ့ရဲ့စိတ်ထဲမှာ စွဲနေလို့ပါ။

ဒါကြောင့်အိမ်ထောင်ရေး ဖောက်ပြန်ဖို့ မတွေးပါနဲ့။

သင်အိမ်ထောင်ရေး ဖောက်ပြန်လိုက်တာ ဆန္ဒကို မထိမ်းနိုင်လိုပဲဆိုဆို ၊

မိန်းကလေးတစ်ယောက်က အခွင့်ရေးပေးလို့ပဲဆိုဆို ဖောက်ပြန်ပြီးတာနဲ့ နောက်ဆက်တွဲပြဿနာတွေက တမ်းစီနေပါ။

၁။ သင်နဲ့ သင့်ရဲ့ မိဘ ညီအစ်ကို မောင်နှမ နာမည်ပျက်မယ်သိက္ခာကြမယ်။

၂။ သင့်ရဲ့ ဇနီးသည်နှင့် သင့်ရဲ့ သားသမီးမျက်နှာငယ်ရမယ်။

၃။ တဖက်မှာ မိန်းကလေး အရှက်တကွဲအကျိုးနည်းဖြစ်မယ်။ စတဲ့ သင့်ရဲ့ မိုက်မဲမှု

သင့်ရဲ့ ဆန္ဒကို ဦးစားပေးမှု၊မဆင်ကြင်မှုတွေကြောင့်အများ အားလုံး ဒုက္ခရောက်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။

Credit – အညာသားလေး