ရန်ကုန်မြို့က တက်စီဆရာတွေ ကိုယ်စား တခြားယာဉ်မောင်းတွေကို မေတ္တာရပ်ခံချင်တဲ့ စကားလေးတခွန်း

ရန်ကုန်မြို့က တက်စီဆရာတွေ ကိုယ်စား တခြားယာဉ်မောင်းတွေကို မေတ္တာရပ်ခံချင်တဲ့ စကားလေးတခွန်း

ဒီနေ့တော့ မြို့ထဲက အပြန် လမ်းမှာ Taxi ကားတွေ မီးပွိုင့်မှာ စက်သေကြတာ၊ လမ်းဘေးထိုးရပ်ပြီး ဘောနပ် လှန်ထားကြတာ၊

တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေကြတဲ့ ကား ( ၃)စီးတွေ့ခဲ့ပါတယ် (ဘာ့ကြောင့် အဲ့ဒီလိုဖြစ်ကြသလဲ ကျနော် သိပါတယ်)

ရပ်နှိုး ရပ်နှိုး လုပ်ရဖန်များတော့ မော်တာတွေပျက်ကုန်တာ ကြောင်ကုန်တာ ဘက်ထရီတွေ ဒေါင်းကုန်တာ ၊

(ခုချိန်မှာ မီးပွိုင့် မိရင် စက်သတ်ထားကြပါတယ် ဆီကုန်မှာ စိုး၍) အဓိက ကတော့ ကားထဲမှာ ဆီနည်းပြီး လေခို ကုန်ကြတာပါ…

( အချို့က မျက်နှာပင် ပျက်နေကြပြီ ) တွေ့ရင်း ကြည့်ရင်း ငေးရင်းက Taxi ဆရာတွေရဲ့ သောကအပူက ကျနော့် ရင်ထဲ ကူးစက်လာခဲ့ပါတယ်။

ဆီတစ်သောင်းဘိုးက 5 liter ကျော်ကျော်သာ ရသည်မို့ ဟိုနားဒီနားသည်ပင် အရင်းက မနည်းလှပါဘူး။ အုံနာကြေးကိုပင် တွေးလို့ရပါမည်လား။

ကျနော်တို့ ကူညီနိုင်တဲ့ ကိစ္စလည်း မဟုတ်…ဆီစျေးကလည်း တက်သည်ထက် တက်၊ ဒါ့ကြောင့် မိတ်ဆွေများအနေနဲ့ ကိုယ့်ရှေ့မှာ အငှားယာဉ် တစ်စီး ကိုးလိုးကန့်လန့် ဖြစ်သွားတယ်။

ရုတ်တရက် စက်ရပ်သွားတယ် ဆိုပါက ယခုအချိန်မှာ သည်းခံပေးကြပါခင်ဗျာ။

သူတို့အလုပ်နဲ့ စားဝတ်နေရေး များဟာ စက်မောင်းဆီတွေလိုပဲ အငွေ့ပျံနေကြပါတယ်။

ဆီကလည်းကုန် လူကလည်းမှုန် အိမ်ကိုလည်းမပြန်ချင်ကြတော့ပါဘူး (အိမ်အတွက် ထမင်းဖိုးမှ မပါရင် အိမ်ဦးစီးက အခံစားရဆုံးပါ)

Taxi ဆရာများ အမြန်ဆုံး အဆင်ပြေပါစေလို့ ကားတွေတွေ့တိုင်း လိုလို ဆုတောင်းပေးနေမိပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website