သုံးနှစ်သုံးမိုး အမြဲကိုက်နေတဲ့ ခြေထောက်လေး ဒီနည်းနဲ့မှ ပျောက်တော့တယ်

ကဲဗျာ ချစ်မိတ်ဆွေတို့ ဒီတစ်ခါ အလွယ်ဆုံးနည်းလေ ဝယ်ရလွယ်တဲ့ မြန်မာဆေးနည်း ခရမ်းသီးလေး အကြာင်း ပြောပြချင်တယ်ဗျ။

သုံးနှစ်သုံးမိုး အမြဲကိုက်နေတဲ့ ကျွန်တော်ခြေထောက်လေး ဆေးသောက်လည်းခဏပဲ သက်သာတာ အကိုက်ပျောက်ဆေး ထိုးလည်း ခဏပဲ သက်သာတာ၊

အခုတော့ ခရမ်းသီးကို အရည်ညှစ်ပြီး ကိုက်တဲ့နေရာကို လိမ်းတာ အခုတော့ ပျောက်နေပြီဗျ၊

ကျွန်တော် ပျောက်သလို ကျွန်တော့လို ခံစားနေရတဲ့ ဝေဒနာရှင်တွေလည်း ပျောက်စေချင်တဲ့ စေတနာမေတ္တာနဲ့ ဒီဆေးနည်းလေး ပြောပြပါရစေ။

အရင်ဆုံး ခရမ်းသီးကို လေးစိပ်စိပ်ပါ။ လေးစိပ်စိပ်ပြီးရင် ခရမ်းသီးကို သံပုရာသီးညှစ်သလိုညှစ်ပါ။

ညစ်လို့ ထွက်လာတဲ့ ခရမ်းသီး အရည်ကို မိတ်ဆွေညောင်းညာ ကိုက်ခဲနေတဲ့ နေရာကို လိမ်းပေးပါ။

ခရမ်းသီးရည်လိမ်းတဲ့ နေရာကို ခဏအဝတ်လေးနဲ့ စီးထားပါ မကြာခင်မှာ အညောင်းပြေလို့ အကိုက်သက်သာစေပါတယ်ဗျာ။ လက်တွေ့သုံးကြည့်ပါ။

7ရက် သားသမီးများချမ်းသာလို့ ကျမ်းမာကြပါစေခင်ဗျာ။ ။

7ရက် သားသမီးများချမ်းသာလို့ ကျမ်းမာကြပါစေခင်ဗျာ။ ။

Credit > Kyaw Khaing OO