နေရာတိုင်းမှာ လူတိုင်းလိုလို ကိုးကွယ်နေကြတဲ့ ဘုရားပုံတော်ကို ရေးဆွဲခဲ့သည့် ဆရာတော်

နေရာတိုင်းမှာ လူတိုင်းလိုလို ကိုးကွယ်နေကြတဲ့ ဘုရားပုံတော်ကို ရေးဆွဲခဲ့သည့် ဆရာတော်

ဆိုင်တွေ၊ ကားတွေမှာ ချိတ်ဆွဲပူဇော်ထားကြတဲ့ဒီဘုရားပုံတော်ကို ရေးဆွဲခဲ့တဲ့သူကဆရာတော်တစ်ပါး ဖြစ်ပါတယ်။

ဆရာတော်ဟာ ငယ်စဉ်ကိုရင်ဘဝမှာတည်းကအရဟံဂုဏ်တော်ကို အချိန်ရှိသရွေ့ ပွားများခဲ့သူဖြစ်ပြီး

ဒီပုံတော်ကို ကမ္ဘာအေးမှာ စာသင်နေစဉ်ကာလမှာ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ရေးဆွဲစဉ်မှာလည်း အရဟံဂုဏ်တော်ကိုထုံနေအောင် ပွားပြီးမှ ဆွဲခဲ့တာ ဖြစ်ပါတယ်။

နောင်တော်ဆွဲတာလား၊ ညီတော်ဆွဲတာလားဆိုပြီးဝိဝါဒ ဖြစ်ခဲ့ပေမယ့်

မူရင်းရေးဆွဲခဲ့သူကတော့ ညီတော်ပဲ ဖြစ်ပါတယ်။ဒုတိယပုံမှာ ဆရာတော်ရဲ့ လက်မှတ်ပါရှိပါတယ်။

မိတ်ဆွေတစ်ဉီးရဲ့ ကျေးဇူးကြောင့် သွားရောက်ဖူးမျှော်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

သွားရောက်ဖူးမျှော်တဲ့အချိန်မှာဆရာတော်ဟာ အရမ်းကို အေးချမ်းပြီးကြည်ညိုစရာကောင်းလှပါတယ်။

ကျောင်းပရဝုဏ်ဟာလည်း အေးချမ်းပြီးရိုးရှင်းလှပါတယ်။

နောက်ပိုင်းမှာ ဆရာတော်ဟာ ဒီပုံေ တာ်ကိုအရောင်ထည့်ပြီး ထပ်မံ ရေးဆွဲခဲ့ပါသေးတယ်။

ဖြည့်စွက်ချက်။ ။

ဆရာတော်ကျောင်းမှာ ပရဟိတစာသင်ကျောင်းလည်းဖွင့်လှစ်ပေးပြီး ကလေးငယ်များ၊

ဆယ်တန်းများနှင့်ဘာသာစကားများကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

ဆရာတော်တို့ ကျောင်းတိုက်ဖေ့စ်ဘွတ်ခ်ပေ့ဂျ်လည်း ရှိပါတယ်။

(တခြားအချက်အလက်များကိုတော့ ခွင့်ပြုချက်ရမှပဲထပ်မံဖြည့်စွက်တင်ပြပေးပါ့မယ်ခင်ဗျား)

သိဒ္ဓိ

ဆရာတော်ဘုရားကျန်းမာသက်ရှည်ပါစေဘုရား။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website