လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းနေသူတွေအတွက် အိပ်ရာထဲမှာပဲ လုပ်နိုင်တဲ့ အကြောဆန့်လေ့ကျင့်ခန်း ၅ မျိုး

အထိုင်များတဲ့သူ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မရတဲ့သူ၊ မအားတဲ့သူ၊ အပင်ပန်းမခံနိုင်တဲ့သူတွေက တခြားလူတွေထက် ပိုပြီးအညောင်းမိတတ်တယ်။

အကြောတက်တာ၊ နေရထိုင်ရပေါ့ပါးလန်းဆန်းမှု မရှိတာမျိုးတွေဖြစ်တတ်ပါတယ်။

တကယ်လို့ အညောင်းမိတာများလို့ အကြောတွေတက်ပြီး လေးလံထိုင်းမှိုင်းနေတယ်။

လေ့ကျင့်ခန်းလုပ်ဖို့လည်းအချိန်မပေးနိုင်၊အပင်ပန်းမခံနိုင်ဘူးဆိုတဲ့သူတွေအတွက် လုံးဝပင်ပန်းစရာမလိုဘဲအညောင်းအညာပြေမယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ခန္ဓာကိုယ်ကို လိမ်ပါ

ကြမ်းပေါ်မှာ ပက်လက်လှန်လဲအိပ်ပါ။ ဒူးနှစ်ဖက်ကို အနည်းငယ်ကွေးလိုက်ပြီး ဘယ်ဘက်ကို လဲချလိုက်တဲ့အချိန် ဦးခေါင်းကိုတော့ ညာဘက်ကိုလှည့်ပေးပါ။

အဲ့ဒီအနေအထားမှာ ၃ မိနစ်လောက်နေပေးပါ။ နောက်တစ်ဖက်ကိုလည်း အဲ့ဒီအတိုင်းလုပ်ပေးပါ။

နောက်ကျောတလျှောက်နဲ့လည်ပင်း၊ခါးနဲ့ ခြေထောက်က ကြွက်သားတွေပြေလျော့ပြီး နေရထိုင်ရတာပေါ့ပါးစေပါလိမ့်မယ်။

(၂) မြွေဟောက်ပုံစံ

ကြမ်းပေါ်မှာ တံတောင်ဆစ်နှစ်ဘက်နဲ့ထောက်ပြီးမှောက်ခုံမှောက်လိုက်ပါ။

မျက်နှာကိုရှေ့တည့်တည့်ကိုကြည့်ပါ။ ပြီးရင် လက်ကိုဆန့်လိုက်ပြီး ခါးကိုအနောက်ဘက်လှန်ပေးကာ အဲ့ဒီအနေအထားမှာ ၃ မိနစ်လောက်နေပေးကာ နဂိုမူလပုံစံအတိုင်းပြန်နေလိုက်ပါ။

ခါးနောက်ကကြွက်သားတွေကိုပြေလျော့စေပြီး ခါးနာ၊ခါးညောင်းတာတွေကို ချက်ချင်းသက်သာစေပါလိမ့်မယ်။

(၃) ဒူးကိုရင္ဘတ္နားဆြဲပါ

ကြမ်းပေါ်မှာ သက်တောင့်သက်သာ လဲှအိပ်လိုက်ပြီး ညာဖက်ဒူးကိုကွေးကာရင်ဘတ်နားမှာဆွဲကပ်ထားလိုက်ပါ။

အဲ့ဒီအနေအထားမှာ ၂ မိနစ်လောက်နေပေးပြီး ဘယ်ဘက်ခြေထောက်ကိုလည်း အဲ့ဒီအတိုင်းလုပ်ပါ။

ဒီလိုလုပ်ပေးတာက ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ကြကွ်သားတွေကိုပြေလျော့စေပြီး ပေါ့ပါးလန်းဆန်းစေပါတယ်။

(၄) ကလေးပုံစံ

ကြမ်းပေါ်မှာဒူးတုပ်ထိုင်ပြီး ခန္ဓာကိုယ်ကိုအရှေ့ကို ကိုင်းကာလက်နှစ်ဖက်ကိုဆန့်ထားပေးပါ။

နဖူးကိုကြမ်းပြင်နဲ့ထိထားပေးဖို့လိုပြီး အဲ့ဒီအနေအထားမှာ မိနစ်အနည်းငယ်လောက်နေပေးပါ။

ဒီနည်းလမ်းလေးက နောက်ကျော၊ ပခုံး၊လည်ပင်း၊ခါးနဲ့ခြေထောက်တွေကို အညောင်းပြေစေပါတယ်။

(၅) ခြေထောက်ဆန့်ပြီးဒူးကိုနဖူးနဲ့ထိပါ

ကြမ်းပြင်ပေါ်မှာခြေဆင်းထိုင်ကာ ခါးကိုမတ်ထားပါ။

ပြီးရင် ခါးကိုအရှေ့ကိုကိုင်းလိုက်ပြီး ခြေထောက်ကို လက်နဲ့ဆုပ်ကိုင်ပါ။

နဖူးကိုဒူးနဲ့ထိထားပြီး အဲ့ဒီအနေအထားမှာ တစ်မိနစ်လောက်နေပေးပါ။

တစ်ကိုယ်လုံး အကြောတွေပြေသွားပြီး ညောင်းညာတာတွေ သက်သာသွားကာ နေရတာလည်း ပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website