ငယ်ငယ်က မိခင်မေတ္တာငတ်ခဲ့တဲ့ သူတွေမှာ ဒီလိုစိတ်ဒဏ်ရာတွေ ကြုံရပါလိမ့်မယ်

ငယ်ရွယ်စဉ်ကလေးဘဝမှာ မိခင်တစ်ယောက်ရဲ့မေတ္တာနဲ့ ထိန်းကွပ်မှုကောင်းကောင်းရဖိုု့အရေးကြီးပါတယ် ။

သမီးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ ဘဝနေထိုင်မှုပုံစံမှာ မိခင်ရဲ့လွှမ်းမိုးမှုတွေအများကြီးပါပါတယ် ။

ကလေးဘဝမှာတည်းက မိခင်ရဲ့ ချစ်ခင် ဂရုစိုက်မှုတွေ ကို မရခဲ့တဲ့ သမီးမိန်းကလေးတွေကတော့ ကြီးလာတဲ့အခါ ဒီလိုစိတ်ဒါဏ်ရာတွေ ရရှိကြပါတယ် …

(၁) ဘယ်သူ့ကိုမှ မယုံတော့ဘူး

ငယ်စဉ်တည်းက အမြဲလိုလိုဆူပူအော်ငေါက်နေတတ်တဲ့ အမေနဲ့ နေထိုင်ခဲ့ရတဲ့ ကလေးတွေက ကြီးလာတဲ့အခါ ဘယ်သူ့ကိုမှ မယုံကြည်တတ်တော့ပါဘူး ။

သူတို့ကိုမှီခိုအားထားရတဲ့ မိခင်ရဲ့ သစ္စာဖောက်မှု ၊ အနိုင်ကျင့်မှုတွေကို ခံစားခဲ့ရတာကြော့် တစ်ခြားလူတွေကိုလည်း မယုံရဲတော့တာပါ ။

(၂) အကြောက်လွန် ၊အတွေးလွန်တတ်တယ်

ဘယ်ကိစ္စမျိုးမဆို အဆိုးဆုံးတွေကို အရင်တွေးတတ်ပြီး ငါလုပ်ရင်ရော ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယစိတ်တွေနဲ့ အမြဲလိုလို ကြောက်စိတ်ဝင်နေတတ်ပါတယ် ။

အမှားလေးတစ်ခုဖြစ်တာနဲ့ လူတွေ သူတို့ကိုမုန်းသွားမလားဆိုပြီး ကြောက်စိတ်နဲ့ အမြဲလိုလို ချီတုံချတုံဖြစ်တတ်ကြပါတယ်။

(၃) လူတော မတိုးတော့ဘူး

ကလေးဘဝတည်းက မိခင်ရဲ့ ဝေဖန်မှုတွေ လျစ်လျူရှုမှုတွေကို ခံခဲ့ရတဲ့အတွက် သူတို့ကိုယ်သူတို့ ယုံကြည်မှုလည်း မရှိကြတော့ပါဘူး ။

ကိုယ့်မှာရှိတဲ့ အစွမ်းအစတွေကိုလည်း မထုတ်ဖော်တတ်တော့ပဲ လူတွေရှေ့ထွက်ရမှာလည်း မဝံ့မရဲဖြစ်တတ်ကြပါတယ်။

(၄) အချစ်ကို အယုံအကြည် မရှိတော့ဘူး

မွေးထုတ်ခဲ့တဲ့အမေရဲ့ အချစ်တွေကိုတောင် မရခဲ့တဲ့အတွက် တစ်ခြားဘယ်သူ့ဆီက အချစ်ကိုမှလဲ မယုံကြည်တော့ပါဘူး ။

ကိုယ့်ကိုယ်ကို လည်း အချစ်ခံထိုက်တဲ့လူမဟုတ်ဘူးလို့ ယူဆပြီး ဘယ်သူ့ကိုမှလည်း ချစ်ဖို့မကြိုးစားတော့ပါဘူး။

(၅) မငြင်းတတ်တော့ဘူး

အနိုင်ကျင့်ခံရတဲ့ ကလေးဘဝကိုဖြတ်သန်းခဲ့ရတဲ့သူတစ်ယောက်က သူတို့အတွက် အဆင်မပြေတဲ့အခြေအနေတွေ ၊ တောင်းဆိုချက်တွေကိုတောင် ငြင်းဆန်ဖို့သတ္တိမရှိတော့ပါဘူး ။

(၆) သူများတွေမကောင်းတာ ကိုယ့်ကြောင့်ပဲလို့ထင်ကြတယ်

အမြဲလိုလို အပြစ်တင်ခံခဲ့ရတာကြောင့် တစ်ခြားလူတွေ ကိုယ့်အပေါ်မကောင်းလည်း ကိုယ်မှားနေလို့လို့ပဲ တွေးမိတတ်ကြပါတယ် ။

အမှားအမှန်ကို သေချာမဝေဖန်တတ်တော့ပဲ အားလုံးကိုယ့်အမှားလို့ တွေးမိပြီး အမြဲလိုလို အနိုင်ကျင့်ခံရတတ်ပါတယ် ။

Credit < Kay Khine