မိဘတွေအားလုံး သိရှိစေရန်။ ကျောင်းသူကျောင်းသားအရွယ်လေးတွေ အလွယ်တူ သုံးလာတဲ့ ဆေးပုံစံ

ကျောင်းသားကျောင်းသူ များ အလွယ်တကူသုံးစွဲလာတဲ့ဆေး မိဘအားလုံး သိအောင် ရှယ်ပေးပါနော်

ရန် ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာမြို့နယ် အထက ၃/၁ က ၉-၁ဝတန်း ကျောင်းသား၊

ကျောင်းသူလေးတွေနဲ့ ရပ်ကွက်ထဲက ၂ဝ-၂၅ အရွယ်ကောင်လေး၊ ကောင်မလေးတွေ ဒီဆေးကဒ်တွေ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြပါတယ်။

အလွယ်တကူလဲ ဝယ်ရတယ်။ ဆေးဆိုင်တွေကလဲ သားသမီးချင်းမစာနာရောင်းတယ်။ တ/ဥ ရဲစခန်းကိုအကြိမ်ကြိမ် PH ဆက်လဲ ရှောင်ဖယ်ရှောင်ဖယ်နဲ့။ ဆေးဝါးကွပ်ကဲရေးကို ဖုန်းဆက်ပြန်တော့လဲ 199 နဲ့တိုင်ပင်တဲ့ ခေါင်းရှောင်တယ်။ 199ဆက်တော့ ပိတ်ထားတယ်။ ရက်ကွက်ရုံးပြောတော့ ကလေးတွေကိုဆုံးမတဲ့။

Terco-D ဆေးကို ထိုင်းနိုင်ငံကထုတ်တယ် ။ ATC Classification = R05FA02 ဘိန်းကနေထုတ်လုပ်ထားတဲ့ ချွဲထွတ်စေနိုင်တဲ့ချောင်းဆိုးပျောက်ဆေးဖြစ်တယ် ။Dextromethorphan HBr15mg, guaifenesin100mg, terpin hydrate130mg ဆေးတွေပါဝင်နေတယ်။

အသည်းရောဂါ၊ပန်းနာရောဂါနဲ့သိပ်ငယ်တဲ့ကလေးတွေကို မပေးရပါ။ Thai FDA Category အဆင့် Dလို့သတ်မှတ်ထားတယ်။

မူးဝေတဲ့သတ္တိရှိတယ်။ ဆေးစွဲစေတယ်။ ဘေးထွက်ဆိုးကျိုးများ ခေါင်းမူးမယ်။

အစာခြေလမ်း ကသိကအောင့် ဖြစ်မယ်။ စိတ်တက်ကြွစေမယ်။ စိတ်ရှုတ်ထွေးစေမယ် ။

အသက်ရှူမှုကို အားနည်းစေမယ် ။ပျို့အန်၊ခေါင်းမူး၊ဝမ်းချုပ်၊ဝမ်းပျက်၊အိပ်ချင်၊စိတ်ဂနာမငြိမ်၊ မျက်စိမှတ်ထားရင် သူများမမြင် မကြားရတာမျိုး မြင်ကြားမယ်။

ဆရာဝန်သတ်မှတ်တဲ့ဆေး (တနေ့ ၂-၃-၄ ကြိမ်)ထက် ၃ဆ ကနေ ၂ဝဆအထိသောက်ရင် အကောင်းတွေလို့ထင်မြင်နေမယ်။

အားပြည့်နေသလိုထင်မှတ်ရမယ်။ကိုယ်ကိုယ်ကိုယုံကြည်မှု ရှိသင့်တာထက်ပိုမယ်။ ဆောက်တည်ရာမရဖြစ်မယ်။

အိပ်မရဖြစ်မယ်။ စကားတွေအမြန်ပြောနေမယ်။ သူငယ်အိမ်ကျယ်နေမယ်။ မျက်လုံးက ငေးကြည့်နေမယ်။

ဆရာဝန်သတ်မှတ်တဲ့ဆေး (တနေ့ ၂-၃-၄ ကြိမ်)ထက် ၁၅ ဆကနေ ၇၅ ဆသောက်မိရင် သူများမမြင်ရ၊မကြားရတာမျိုး မြင်ကြားမယ် ။

စိတ်မြင်အစည်းပြသေလိုဖြစ်လာမယ်။ အန်မယ်။ အမြင်တွေဝေဝါးနေမယ်။ သူငယ်အိမ်ပိုကျယ်လာမယ်။

ချွေးပြန်မယ်။ ကိုယ်ပူမယ်။ သွေးဖိအားကျမယ်။ အသက်ရှူနှေးလာမယ်။ နှလုံးခုန် မြန်လာမယ်။ ဝမ်းလျှောမယ်။

ဆီးအိမ်တင်းနေမယ်။ အိပ်ငိုက်နေမယ်။ ကြွက်သားတွေ အလိုလိုလှုပ်နေမယ်။ အကောင်းတွေလို့သာ ထင်မြင်နေမယ် ။

အာရုံခံမှုပြောင်းမယ်။ ဘာမှန်းမှမသိ ဖြစ်လာမယ်။ မျက်စိက မမြင်နိုင်တော့ဘူး။ မျက်စိကို စူးစိုက်လို့ မရတော့ဘူး။

အရေပြားအနီကွက်တွေထွက်လာမယ်။ ချောင်းဆိုးပျောက်ဆေးတွေ အကြောင်း ရေးပါတယ်။

ဘလော့ခ်မှာလည်း ရှိပါတယ် ။ အသစ်ပေါ်တာတွေကို ဆေးနာမည် အတိအကျနဲ့ သိရရင် မရေးရသေးတာတွေ့ရင် ရေးပါမယ် ။

အခုဆေးကိုသိဘို့ရာ ထိုင်းဝဘ်ဆိုက်မှာ ကျွန်တော့ဆရာဝန်ဖြစ်ကြောင်း အချက်အလက်တွေနဲ့ မှတ်ပုံတင်ရသေးတယ် ။

ယခုပြောပြတဲ့ မိဘများ သတိထားစောင့်ကြည့်သင့်သည့် ကျောင်းသား၊ကျောင်းသူလေးတွေ အများစု သုံးစွဲလာတဲ့ဆေးကလည်း စာဖတ်ရင်း ရလာတဲ့ဗဟုသုတပါ ။

စာမဖတ်၊ဗဟုသုတ မရှာခဲ့ရင် ခုလိုကူညီနိုင်မှာမဟုတ်ပါဘူး။

ယခုတင်ဆက်ပေးသော အကြောင်းအရာလေးကို သဘောကျတယ်ဆိုရင် ပြန်လည်မျှဝေပေးဖို့အတွက် တောင်းဆိုပါရစေ ။

လူကြီးမင်းတို့ရဲ့ အားပေးမှုတျွေက ကျွန်တော်၊ကျွန်မတို့အတွက် ဆက်လက်တင်ဆက်ပေးဖို့အတွက် ခွန်းအားသစ်တွေရရှိပါတယ် ။

ထို့ကြောင့် ကျွန်တော်၊ကျွန်မတို့ကို ကူညီတဲ့အနေနဲ့ ပြန်လည်မျှဝေပေးကြပါနော် ။

ယခုလို အချိန်ပေး ဖတ်ရှုပေးတဲ့ စာဖတ်ပရိသတ်ကြီးကို လေးစားစွာဖြင့် အထူးပင် ကျေးဇူးတင်ရှိပါတယ် ။

ဆက်လက်တင်ပြပေးဖို့အတွက် ကြိုးစားပါအုန်းမည် ။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website