မြန်မာနိုင်ငံ မှာ ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ကြယ်လိပ်ကြီး အကြောင်း

မြန်မာနိုင်ငံဟာ ထူးဆန်း အံ့ဩဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။

ယခုအခါ မှာလည်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ လောကနန္ဒာ စွယ်တော်မြတ် စေတီအနီးရှိ၊

လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် ၌ ကမ္ဘာ့အကြီးဆုံး ကြယ်လိပ်ကြီးအား လာရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူးက ပြောကြားလာပါတယ်။

ကမ္ဘာ့ ရှားပါးကြယ်လိပ် များကို (၂၀၀၁) ခုနှစ်က တရားမဝင် ကုန်သွယ်မှုများ အတော်လေး ပြုလုပ်ခဲ့ကြပြီးမှ၊

ထို တရားမဝင် ကုန်သွယ်မှုများမှ ဖမ်းဆီးရမိခဲ့တဲ့ မြန်မာ့ ကြယ်လိပ် အထီး (၄၂)ကောင်၊ အမ (၄၀) ကောင်အား၊

ပုဂံမြို့ လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ်တွင် ခြံလှောင် စနစ်ဖြင့် မွေးမြူခဲ့ကြောင်း သိရပါတယ်။

မြန်မာတစ်နိုင်ငံထဲမှာသာ ရှိတဲ့ ရှားပါးမျိုးစိတ် ကြယ်လိပ် သားပေါက်များကိုတော့ နေရင်းဒေသများသို့ ပြန်လည် လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ထို တရားမဝင် ကုန်သွယ်မှုမှ ဖမ်းဆီးရမိခဲ့တဲ့ ကြယ်လိပ် (၈၄) ကောင်အနက် ကြယ်လိပ်မတစ်ကောင် ဟာ (၂၁) နှစ်အကြာဖြစ်တဲ့ ယခုနှစ် (၂၀၂၂) ခုနှစ် မှာတော့ ကမ္ဘာပေါ်ရှိ အကြီးဆုံး ကြယ်လိပ်အဖြစ် မှတ်တမ်းတင် နိုင်ခဲ့ကြောင်း၊

အသက် အားဖြင့် (၂၂) နှစ်ခန့် ရှိမည်ဟု ကြယ်လိပ်များရဲ့ ကျောပေါ် နှစ်စဉ် ထွက်ပေါ်လာလေ့ရှိသော လိုင်းများကို ရေတွက်ကာ အနီးစပ်ဆုံး သက်တမ်းအား ခန့်မှန်းထားခြင်း ဖြစ်ကြောင်း သိရပါတယ်။

ကမ္ဘာ့အကြီးဆုံး ကြယ်လိပ်မကြီး ဟာ အတန်အစား အနေဖြင့် အရွယ်ရောက်နေပြီ ဖြစ်ကာ ကျောခွံအလျား (၄၇.၈) စင်တီမီတာ၊ ကျောခွံအနံ (၃၂.၇) စင်တီမီတာ ၊ ရင်ခွင်အလျား (၄၀) စင်တီမီတာ၊

ရင်ခွင်အနံ (၂၇) စင်တီမီတာ၊ အမြင့် (၂၅.၅) စင်တီမီတာ၊ အလေးချိန် (18kg) (၃၉.၆၉) ပေါင်၊

(၁၁.၀၁) ပေါင် ရှိပြီး ထူးခြားချက် အနေဖြင့် ကြယ်လိပ်မကြီး ဟာ အပျိုကြီး ဖြစ်ကြောင်း သိရပါတယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website