မတော်တဆ ကားမီးလောင်ရင် အသက်ရှင်အောင် ပထမဆုံး လုပ်ရမယ့်အရာ

ပုသိမ်မြို့နယ်မှာ Probox တစ်စီး မီး​လောင်ပြီး ကားအတွင်းမှာ လိုက်ပါလာတဲ့ လူခုနှစ်​ယောက် မီး​လောင်​ပြီး ၊

ဆုံးသွား​ကြောင်း သိရလို့ ယခင်က ​ရေးထားတာ​လေး​တွေ သတိရလို့ ပြန်တင်လိုက်ပါတယ်။

ဒီ​နေ့ ​လောင်တဲ့ Probox ကားက ကား​ရှေ့ပိုင်းက စ​လောင်တယ်လို့ သိရပါတယ်။

ကားကိုသာ ချက်ချင်းရပ်လို့ရရင် ကား​နောက်ပိုင်းက လူ​တွေက ချက်ချင်းဆင်းလို့ ရသင့်ပါတယ်။

ကား​လော့ကျရင်လည်း အတွင်းက ​လော့ပြန်ဖွင့်လို့ ရပါတယ်။

ကားတံခါးဖွင့်ဖို့ အချိန်မမီရင် ကားထိုင်ခုံက ​ခေါင်းမှီ​လေးကို ဖြုတ်ပြီး ကားမှန်ကို အတွင်းဖက်က ခွဲရပါမယ်။

​အောက်ဆီဂျင် မပြတ်ဖို့နဲ့ ကားထဲက အမြန်ထွက်ဖို့ပါ။

အသက်ထက်​တော့ တစုံတရာ ထိခိုက်မိတာက အ​ရေးမကြီး​တော့ပါဘူး။

အသက်မ​သေ​အောင်​တော့ ကားမှန်ခွဲထွက်ရပါမယ်။ အကယ်၍ ကံမ​​ကောင်းစွာနဲ့ ကြုံခဲ့​သော်၊

ကားထိုင်ခုံက ​​ခေါင်းမှီ​လေးကို လက်တစ်ဖက်က တွန်းထားပြီး လက်တစ်ဖက်က ဖြုတ်ယူပါ။ ကားမှန်ကို အရှိန်ပြင်းပြင်းနဲ့ ရိုက်ဖွင့်ပါ။

ကား​ပေါ်မှာ လူများရင် အ​ပေါက်ကျယ်ကျယ်ဖွင့်ပါ။ တစ်​ယောက်ချင်းစီ အမြန်ခုန်ချပါ။

ဒါဏ်ရာအနည်းရမှာကို မ​ကြောက်ပါနဲ့။ ကားထဲမှာ မီးခိုးလုံး ဝင်မလာခင် အမြန်လုပ်​ဆောင်ရပါမယ်။ အားလုံး​ဘေးကင်းကြပါ​စေ။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website