ဘေဘီဗိုက်တာ ကလေးများအားတိုးဆေး ပိုင်ရှင်ကြီး ဦးမြတ်ဦး ရဲ့ စိတ်မကောင်းစရာ သတင်းလေးပါ

ဘေဘီဗိုက်တာကလေးများအားတိုးဆေးထုတ်လုပ်ရေးပိုင်ရှင် ကွယ်လွန်

ကြော်ငြာပရိတ်သတ်အကြားရေပန်းစားခဲ့သည့် ဘေဘီဗိုက်တာကလေးများအားတိုးဆေး ထုတ်လုပ်သူ ​ဘေဘီဗိုက်တာ ဆေးဝါးထုတ်လုပ်ရေး Managing Director ( Lifeguard Myanmar Co., Ltd )

ဦးမြတ်ဦးသည် မတ်လ၁၇ရက်က ၉ ၆ပါးဝေဒနာဖြင့် ကွယ်လွန်အနိစ္စရောက်သွားကြောင်း မိသားစုဝင်တို့၏ထုတ်ပြန်မှုများအရသိရသည်။

မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (ဥက္ကဋ္ဌ)၊အုတ်ဖိုမြို့နယ်အသင်း (ဒုတိယ ဥက္ကဋ္ဌ)၊

RC 3 ( ကျောင်းသားဟောင်း )၊အ.ထ.က(၄)စမ်းချောင်း (ကျောင်းသားဟောင်း) (ဒု ဥက္ကဋ္ဌ)စသည့် လုပ်ငန်း


တာဝန်များအားထမ်းဆောင်နေသည့် ဦးမြတ်ဦးသည် ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံကြီးတွင် ကွယ်လွန်သွားခြင်းဖြစ်ပြီး

မတ်လ ၁၉ ရက် မနက်၁၀နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Wat Dit Hong Saram (Wat Makkasan )

ဘုန်းတော်ကြီးကျောင်းတွင် မီးသဂြိုလ်ပြီးဖြစ်သည်ဟု သိရသည်။

ကွယ်လွန်ချိန်တွင် အသက် ၅၈ နှစ်အရွယ်ရှိပြီဟု နာရေးဖိတ်စာတွင်ဖော်ပြထားချက်အရသိရသည်။

ဦးမြတ်ဦးသည် တေးသံရှင်ဘိုကျော်အမည်ဖြင့် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း ရန်ပုံငွေဂီတဖျော်ဖြေပွဲများတွင် ၊

ကိုယ်ပိုင်သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သူဖြစ်သည့်အပြင် နာမည်ကြီး တေးသံရှင်ကြီးများ၏ဖျော်ဖြေပွဲတို့တွင်လည်း ပါဝင်သီဆိုခဲ့သူ ဖြစ်သည်။

Credit – Popular Journal