တမိသားစုလုံး အူမကြီးကင်ဆာဖြစ်ပွားနေတာကြောင့် သူမကိုယ်တိုင်ပါဆေးမစစ်ရဲဖြစ်နေတဲ့အကြောင်း ဝမ်းနည်းစွာနဲ့ပြောပြလာတဲ့ လင်းဇာနည်ဇော်

သရုပ်ဆောင် လင်းဇာနည်ဇော် ကတော့ အနုပညာလောကမှာ ထင်ရှားသူဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတဦးပါ


ယခုရက်ပိုင်းအင်တာဗျူးတခုမှာတော့ လင်းဇာနည်ဇော်ဟာ သူမရဲ့ အမေ အမ အကို ၃ ဦးစလုံး အူမကြီးကင်ဆာ ခံစားနေရတဲ့အကြောင်း သူမရဲ့ပရိသတ်ကို ဝမ်းနည်းစွာအသိပေးလာခဲ့တာဖြစ်ပါတယ်



လင်းဇာနည်ဇော်က “အမေရော၊အစ်ကိုရော အစ်မရောအူမကြီးကင်ဆာခံစားနေရတယ်၊ကိုယ့်ကံကြမ္မာကလည်း အခုထိစစ်ကြည့်ခွင့်မရသေးဘူး။အစ်ကို့ကအထဲမှာဆိုပေမဲ့ အူမကြီးကင်ဆာလည်းရှိတော့ ကိုယ့်မောင်လေးလိုဂရုစိုက်နေရတယ်.” လို့ဆိုလာခဲ့တာဖြစ်ပါတယ်



ဆက်လက်ပြီး လင်းဇာနည်ဇော်က သူမရဲ့အကိုဖြစ်သူ ဒါရိုက်တာ မိုက်တီးရဲ့ အခြေအနေကိုလည်း “သူက depression လည်းရှိတယ် ဆရာဝန် ၂ယောက်နဲ့ပြထားရတာ အိပ်ဆေးဆိုလည်းပျက်လို့မရဘူး ညညဆိုမအိပ်နိုင်ဘူး စဉ်းစားတာအရမ်းများတာကိုး၊



အပြင်မှာထဲက သူကအစ်ကိုဆိုပေမဲ့လည်းလေ ကိုယ့်မောင်လိုကိုဖြစ်နေတာ ဆေးဆိုရင်လည်းကိုယ်ကိုယ်တိုင်၊ ဆေးခန်းဆိုလည်းကိုယ်ကိုယ်တိုင်၊ကိုယ့်မိသားစုထဲကတစ်ခုခုဖြစ်ပြီဆို တစ်မိသားစုလုံးပူလောင်ရတာပဲလေ အရင်ထဲကိုကလည်း အရမ်းဂရုစိုက်ပေးရတာပေါ့နော်၊



အစ်မတို့မိသားစုက အရင်ကတည်းက နွေးနွေးထွေးထွေးပေါ့နော် အိမ်ထောင်တွေပဲကျကျ အသက်ဘယ်လောက်ပဲကြီးကြီး နွေးနွေးထွေးထွေးပဲနေကြတာ…ဒါကမိသားစုတိုင်းပါပဲ ” လို့ ပြောသွားခဲ့တာပါ ပရိသတ်ကြီးရေ

လင်းဇာနည်ဇော်ကတော့ တမိသားစုလုံး အူမကြီးကင်ဆာဖြစ်ပွားနေတာဖြစ်တာကြောင့် သူမကိုယ်တိုင်ပါဆေးမစစ်ရဲဖြစ်နေတဲ့အကြောင်း ဝမ်းနည်းစွာနဲ့ပြောပြလာခဲ့တာပါ သူမ အမြန်ဆုံးအဆင်ပြေပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်နော်

Magic
shwe yaung myanmar