အသစ်ဖွင့်မယ့် ဆိုင်အသစ်လေး အကြောင်း ပြောပြလာတဲ့ ပြေတီဦးရဲ့ အမဖြစ်သူ ငွေတီဦး

သရုပ်ဆောင်ပြေတီဥိီးရဲ့ အမဖြစ်သူငွေတီဦးကတော့ လက်ရှိမှာ Social Influencer တဦးအနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်



ယခုရက်ပိုင်းမှာတော့ငွေတီဦးက သူမအသစ်ဖွင့်လှစ်မယ့် ကော်ဖီဆိုင်လေးကို အားပေးဖို့ ပြောလာခဲ့တာပါ


ငွေတီဦးက “ဆိုင်မဖွင့်သေးခင် ပြင်ဆင်နေတဲ့ အချိန်ထဲက အရမ်းအောင်မြင်စေချင်တဲ့ ဒီဆိုင်လေး.. အစားအသောက်ကိုလည်းကြိုက်သလို ဆိုင်ရှင်ကိုလည်း ချစ်လို့ပါ..



ရန်ကင်းကလေးဆေးရုံအနား ရန်ငြိမ်းလမ်းသွယ်(၂) ထဲက Shan Kitchen ဆိုင်ခွဲ(၂) ကို မကြာခင်ဖွင့်လှစ်တော့မှာပါ..
ရန်ကင်းတဝိုက် နာမည်ကြီးတဲ့ စားသောက်ဆိုင်တွေထဲ ထည့်တွက်ပေးကြပါဦး.. လမ်းကြုံရင်လည်း အားပေးကြပါဦးနော်..


ဆိုင်တကယ်ဖွင့်ပီဆို ထပ်ပြီး လက်တို့ပါဦးမယ်ရှင့်..” လို့ ဖိတ်ခေါ်ထားခဲ့တာပါ ပရိသတ်ကြီးရေ
လူမှုကွန်ယက်မှာ လူပြောများနေတာမလို့ တင်ဆက်ပေးလိုက်ရပါတယ်နော်

Shwe Nit Yay ( Writer – Magic )