အွန်လိုင်းပေါ်မှာ စျေးရောင်းတော့မယ့် ဂျမ်းတောလေး

ယခုလပိုင်းတွေမှာ လူမှုကွန်ယက်စာမျက်နှာမှာ​ လူသိများနေတာကတော့ သရက်ကင် ရောင်းတဲ့ ဂျမ်းတောလေး ရဲ့ ဘဝဖြစ်စဉ်လေးပါ



ဂျမ်းတောလေးဟာဆိုရင် လက်ရှိမှာ ကျန်းမာရေးမကောင်းသူ မိခင်ကြီးဆုံးပါးသွားခဲ့တာကြောင့် မိသားစုဝင် ဆယ်ဦးလုံးကို တာဝန်ယူပေးနေရတာကြောင့် ကြိုးစားရုန်းကန်နေခဲ့ရတာပါ



လက်ရှိမှာတော့ ဂျမ်းတောက အရင်လိုမျိုး တစ်လမ်းဝင်တစ်လမ်းထွက် သရက်ကင်လိုက်မရောင်းတော့ဘဲ အွန်လိုင်းမှာ အဆိုတော်၊ သရုပ်ဆောင်စည်သူ ပလပ်ကျွပ် အကူအညီနဲ့
ဈေးရောင်းတော့မယ်လို့ သိရပါတယ်။



ဒီအကြောင်းကိုစည်သူပလပ်ကျွတ်က “မနက်ဖြန်ည 6နာရီ OSE Tablet လေးတွေ
Liveလွင့်ရောင်းပါမယ်ဗျာ စည်သူပလပ် ဂျမ်းတော ဘုံပိပိ ဂျမ်းတောလေးရဲ့ ပထမဦးဆုံးအနုပညာကြေးနဲ့သူအမေအတွက် ကန်တော်ခွင့်”လို့ သူ့ရဲ့လူမှုကွန်ယက်မှာ မျှဝေလာခဲ့တာပါ


မိသားစုကို အထောက်အပံ့ပေးနေတဲ့ ဂျမ်းတောတစ်ယောက် အွန်လိုင်းပေါ်မှာ လည်း ဈေးတွေ အများကြီး ရောင်းကောင်းပြီး မိသားစုကို ကောင်းကောင်း အထောက်အပံ့ပေးနေတဲ့ အမကြီး အမိရာကောင်းလေး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်


လူမှုကွန်ယက်စာမျက်နှာမှာ လူသိများခေတ်စာနေတဲ့ သတင်း တပုဒ်ဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်နော်

Shwe Nit Yay ( Writer – Magic )