ညီမလေး စိတ်ဒဏ်ရာ ရနေမှာစိုးရိမ်တယ် ဆိုတဲ့ သရုပ်ဆောင် မေပန်းချီ

သရုပ်ဆောင်မင်းသမီး မေပန်းချီ ကတော့ အနုပညာလောကမှာ ထင်ရှားသူဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတဦးပါ


ယခုရက်ပိုင်းမှာတော့ မေပန်းချီက သူမရဲ့ညီမလေးကို ပွဲထုတ်မိတ်ဆက်ပေးလာခဲ့တာဖြစ်ပြီး ညီမဖြစ်သူကအနေအေးပြီး အနစ်နာခံတတ်သူဖြစ်တာကြောင့် စိတ်ဒဏ်ရာရနေမှာ စိုးရိမ်မိတယ်လို့ ဆိုလာခဲ့တာပါ



မေပန်းချီက ” သူက ငယ်ငယ်ကတည်းက ပူဆာတာတွေ အတင်းတောင်းတာတွေမရှိဘူး သူ့အတွက်လည်းသူမဝယ်ဘူး အင်္ကျီကအစ ကိုယ့်အကျဆိုလည်းဝတ်လိုက်တာပဲ အဲ့လိုအနစ်နာခံတတ်တာဆိုတော့ သူဘာဖြစ်ချင်လဲပန်းချီမသိဘူး



သူနဲ့ပတ်သတ်ရင် အခု အမေမရှိတော့တဲ့နောက်ပိုငိးမှာ ပန်းချီကပဲအကုန်တာဝန်ယူနေရတာဆိုတော့ တခုခု ပန်းချီ မဖြည့်ဆည်းပေးနိုင်မှာကို အရမ်းစိုးရိမ်တယ် သူကလည်း အခုအထိတော့ သူဘာဖြစ်ချင်လဲဆိုတာ သေချာမပြောပြဘူး လို့ဆိုလာခဲ့တာပါ



ဆက်လက်ပြီးမေပန်းချီက ” သူ့ကိုမုန့်ဖိုးပေးရင်လည်း သုံးစရာမရှိဘူး ပေးလိုက်ရင် မုန့်ဝယ်စားတာလောက်ပဲရှိတယ် များများပေးရင် ဟင်းတွေချက်ကျွေးမယ် ဒီလောက်ပဲ ထွေထွေထူးထူးရယ် သိပ်မရှိဘူး သူကဟင်းချက်လည်းကောင်းတယ် “လို့ ပြောလာခဲ့တာဖြစ်ပါတယ်



မေပန်းချီက ညီမဖြစ်သူ အလုပ်လုပ်ချင်လာပုံကိုလည်း ” သူအခု Cover Song တွေဆိုမယ် ကြော်ငြာတွေရိုက်ချင်တယ်ပြောတာကလည်း သူအဖေ့ကိုပေးချင်လို့ပေါ့နော် သူအမေ့တုန်းကလည်း စုဗူးလေး လုပ်ပြီး စုထားပေမယ့် မပေစလိုက်ရဘူးပေါ့ အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး သူအရမ်း စိတ်ဆင်းရဲရတယ်”ထပ်မံပြောပြလာခဲ့တာပါ


မေပန်းချီကတော့ သူ့ညီမလေးအတွက် စိုးရိမ်မိတဲ့အကြောင်းပြောပြလာခဲ့တာပါ ပရိသတ်ကြီးရေ လူမှုကွန်ယက်မှာ ခေတ်စားနေတာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်နော်

Magic ( Shwe Yaung Myanmar)