မြေးမလေးတွေနဲ့ ခွဲခွာခဲ့ရလို့ မျက်ရည်ကျခဲ့ရတဲ့အကြောင်းပြောပြလာတဲ့ မင်းသမီးကြီး ဝါဝါဝင်းရွှေ

မင်းသမီးကြီးဝါဝါဝင်းရွှေကတော့ ဟိုးယခင်နှစ်များစွာကနေ ယခုအချိန်အထိ ပရိသတ်အားပေးချင်ခင်မှုကို ရရှိနေခဲ့တဲ့ အနုပဘာရှင်တစ်ဦးပါ


အန်တီဝါဝါဝင်းရွှေရဲ့ မြေးမလေး ၂ ဦးဟာလည်း
ပရိသတ်တွေရဲ့ အထူးစိတ်ဝင်စားခြင်းကို ခံခဲ့ရသူ ၂ ဦးဖြစ်ပါတယ်



ယခုရက်ပိုင်း အင်တာဗျူးတစ်ခုမှာတော့ အန်တီဝါဝါဝင်းရွှေက သူမရဲ့ မြေးမလေးတွေဟာ တစ်ဦးကဂျပန်နိုင်ငံ တစ်ဦးက စင်ကာပူနိုင်ငံမှာရောက်ရှိနေကြပြီမလို့ သတိရမိတဲ့အကြောင်း ပြောပြလာခဲ့တာပါ



အန်တီဝါဝါဝင်းရွှေက ” အခု မြေးမ ၂ ယောက်မှာ တယောက်က စင်ကာပူမှာ ၂ နှစ်ရှိပါပြီ နောက်တယောက်က ဂျပန်ပေါ့ သူတို့ရှိစဉ်တုန်းကတော့ အဘွားနုဲ့ ဖက်လိုက် စကားပြောလိုက်ဆိုတော့ မပျင်းရတော့ဘူး



အခုမြေးတွေမရှိတော့ ဆီရောင်းနေရတာပေါ့ (ရယ်လျှက်) တယောက်တည်းနေတတ်အောင်ပဲကြိုးစားနေရတာပေါ့ အမှန်ပြောရင်တော့ မပျော်ဘူးပေါ့နော် ”


တယောက်တည်းလာပြီး တယောက်တည်းပြန်သွားရမယ်ဆိုတာရှိပေမယ့် တရားက တရားပဲပေါ့ ကိုယ့်ဘေးနားမှာ ကိုယ်ချစ်တဲ့မြေးလေးတွေကို တခုခုနဲဲ့ အစားလိုက်ထိုးနေရတာပေါ့


အထီးကျန်တာမျိုးတော့သိပ်မဖြစ်မိပါဘူး အန်တီ့မှာ Facebook မှာ ပရိသတ်တွေအများကြီးရှိတယ်လေ သူတို့ကိုပဲစိတ်ကနှစိထားတာပေါ့ အန်တီဝါလှုပ်ရှားမှုတစ်ခုခုလုပ်တိုငိး ပရိသတ်ကိုပြောပြတယ်ပေါ့ အလှူတွေလုပ်ရင်လည်း သာဓုခေါ်ကြပါတယိလို့ဆိုလာခဲ့တာဖြစ်ပါတယ် ပရိသတ်ကြီးရေ


အန်တီဝါဝါဝင်းရွှေကတော့ မြေးမလေးတွေနဲ့ ခွဲခွာခဲ့ရလို့ မျက်ရည်ကျခဲ့ရတဲ့အကြောင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် လူမှုကွန်ယက်မှာ ခေတ်စားနေတာမို့ တင်ဆက်ပေးလိုက်ရပါတယ်

Shwe Yaung Myanmar ( Writer – Magic )
Source – Myanmar Celebrity