သူ့အပေါ်မှာ ကျေးဇူးကြီးမားပြီး သဘောထားပြည့်ဝလွန်းတဲ့ နှိုင်းယှဥ်မြင့်မိုရ် အကြောင်း ပြောပြလိုက်တဲ့ သရုပ်ဆောင် ညီနန္ဒ

သရုပ်ဆောင် ညီနန္ဒကတော့ Live Sale တွေဆက်တိုက်ရောင်းချဖြစ်နေတဲ့အပေါ်
“Live Sale က ဟိုအရင်ကတည်းက ဒီပြဿနာတွေမဖြစ်ခင် ရောင်းတုန်းကလည်း သူပဲမိတ်ဆက်ပေးတာပဲ ခု နောက်တခါ ပြန်ရောင်းတော့လည်း သူပဲမိတ်ဆက်ပေးတာပါ



ဘာပဲဖြစ်ဖြစ် ကိုယ်တို့မှာလဲ ကိုယ်တို့မိသားစု စားဝတ်နေရေးအခက်အခဲတွေရှိတယ်ပေါ့နော် ဒါတွေကတော့ ပြောပြမနေတော့ပါဘူး ကိုယ့်ထက် ခက်ခဲနေကြတာလည်းအများကြီးရှိနေတယ်ဆိုတော့လေ



အဲ့တော့ နှိုင်းယှဉ်က ကူညီတယ်ပေါ့နော် သူက လူတယောက် ကို အားတက်သရော ကူညီတယ် မဖြစ်ဖြစ်အောင် ကူညီပေးတတ်တဲ့စိတ် ရှိတယ်ပေါ့နော် အဲ့ဒါတော်တော်ကောင်းတဲ့အချက်ပါ



ဆက်လက်ပြီး ညီနန္ဒက ” သူက ကိုယ့်ကိုဆိုရင်လည်း တခြားလူတွေက ညီနန္ဒနဲ့ ချိတ်ပေးပါဆိုရင် သူကဘယ်လိုပြောလဲဆိုတော့ သူကတော့ ဒီဈေးပေါ့ ကိုညီနန္ဒကတော့ မင်းသားမလို့ သူ့ထက်များမယ်ပေါ့ ကိုယ်က သူ့ကို မနည်းပြောရတယ်
အဓိကက ဘာလဲဆိုတော့ ကိုယ်တို့က ငွေနောက်လိုက်လို့မရဘူး နှိုင်းယှဉ်မြင့်မိုရ်လောက် မရောင်းနိုင်ပဲနဲ့ သူ့လောက် မယူတာကောင်းတယ်
ဒါရှင်းရှင်းလေးပဲ ကိုယ့်ရဲ့ခံယူချက်ပဲ



သူကအဲ့လို မိတ်ဆက်ပေးတဲ့အပြင် ဈေးကိုလည်း ကိုယ့်အကိိုတွေပိုရအောင် ဝိုင်းစုဆိုလည်း
အမြဲတမ်း သူ့စီနီယာတွေဆိုပြီး မိတ်ဆက်ပေးတယ် ဒါသူရဲ့အားသာချက်ပဲ တကယ်ကို အရမ်းစိတ်ထားပြည့်ဝတဲ့ညီမလေးပါ



ဒါ့အပြင်သူက ဈေးတွေဘာတွေတက်ယူတာလည်းမရှိဘူး ဒီဈေးပဲ ဘယ်လောက်ရောင်းရရောင်းရ ဒီလိုပဲပေါ့နော် လုပ်ငန်းရှင်တွေက သူ့ကို လက်ဆောင်တွေပဲပေးရတယ် သူကတော့ပိုမတောင်းပါဘူး လို့ နှိုင်းယှဉ်မြင့်မိုရ်ပေါ် သူ့အမြင်ကို ပြောပြလာခဲ့တာဖြစ်ပါတယ်



တန်ဖိုးကြီး နာရီတွေအတွက် Live Sale ရောင်းချဖို့ လက်ခံဖြစ်ခဲ့ပုံကိုလည်း ” အကိုတို့က တော့ ပွင့်ပွင့်လင်းလင်းပဲပြောရရင် လူလတ်တန်းစားတွေပါ တလုံးတသိန်း ၂ သိန်း တန်ကလွဲရင် မပတ်ဖူးဘူးပေါ့ ခုလိုမျိုး Luxury Product မျိုးဆိုတော့ မရောင်းရမှာလည်းကြောက်တယ်ပေါ့ အဓိကက အဆင်မပြေဖြစ်မှာကိုပါ



ဒါပေမယ့် သူတို့ကတော့ ဒါက Marketing ပဲ စနေ ၃ ပတ်ယူမယ်ဆိုပြီး ယူသွားပါတယ် လူကတော့ တော်တော်ရင်ခုန်နေတာပါ အဆင်မပြေမှာဆိုးနေတာပေါ့လေ ” လို့ ပြောလာခဲ့တာဖြစ်ပါတယ်

Writer – Magic

Shwe Yaung Myanmar