ပြောက်​ကျားဘောင်းဘီ ဝတ်ပြီး စင်ပေါ်တက်ခဲ့လို့ ပရိတ်သတ်တွေ အထင်လွဲခြင်းခံခဲ့ရတဲ့ ကိစ္စကို ပြောပြလာတဲ့ ကောင်းထ​က်ဇော်

ကောင်းထက်ဇော်က “ဒီနှစ်ရဲ့ ဂယက်ဆိုလို့ရှိရင် သင်္ကြန်ဂယက်လို့ပဲပြောရမှာပေါ့နော် ကျွန်တော်မဟုတ်ပဲနဲ့ ပြောခံရတာပေါ့နော် ဒါပေမယ့် ချစ်တဲ့သူတွေကလည်း ဒီလိုပဲ ပြောတဲ့သူတွေကလည်း ဒီလိုပဲဆိုတော့ ကျွန်တော်ကတော့ စိတ်မဆိုးပါဘူး



ပြောက်ကျားဘောင်းဘီကြီးနဲ့ သင်္ကြန်မန်းဒပ်ထဲမှာ ကဲနေတယ်ဆိုပြီးတော့ ပုံတွေတက်လာ Video တွေနဲ့ တက်လာတာပေါ့ ကျွန်တော့ ပရိသတ်တွေကတော့ ဖြေရှင်းပေးပါတယ် အဲ့ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်



တကယ့်အမှန်က ဘာလဲဆိုတော့ အဲ့ဒါက အောက်ကိုကြည့်လိုက်ပါ ဘယ်ယောကျာ်းမှမရှိဘူး ကျွန်တော်ရယ် မင်းသား ၅ ယောက်ရယ် အောက်က မိန်းမတွေကြီးပဲ ဘာလဲဆိုတော့ အလှအပ ရေးရာဆိုင်ရာ Staff Party ပေါ့နော်



အဲ့ဒါကို ကျွန်တော်ကရှည်ပြီး ပြောက်ကြား ဘောင်းဘီဝတ်သွားပါတယ် အမှန်တော့ သူတို့ဟာသူတို့ ရေပန်းတွေလုပ်ထားတာကို ကျွန်တော့ကိုမြင်တော့ ကိုကောင်းကြီးလည်း တခုခုပြောပေးပါဆိုလို့ စင်ပေါ်တက်လိုက်တဲ့အချိန်မာ သူကသီချင်းဖွင့်တော့ အားလုံးကကြတာပေါ့



ပြောချင်တာကတော့ ကျွန်တော်သင်္ကြန်မှာကဲနေတာမဟုတ်ပါဘူး အမျိုးသမီးတွေရဲ့ Staff Party ပွဲမှာ ကျွန်တော့ဘာသာ ပြောက်ကြားဘောင်းဘီ ဝတ်မိတာကနေ ဘယ်သူ က Twist နဲ့ဖွလိုက်လဲမသိဘူး ကျွန်တော်တခါတည်း ဘောမဖြစ်သွားပါတယ်



ဆက်လက်ပြီး ရုပ်သံထုတ်လွှင့်မှုတွေအကြောင်းကိုလည်း ကျွန်တော်လက်ရှိတော့ အစိီအစဉ်လွှင့်ဖို့ ပြင်ဆင်နေဆဲပါ Company က စဉ်းစားနေတုန်းပေါ့နော် လက်ရှိတော့ Facebook Activites Live Sale တွေပဲလုပ်ဖြစ်နေပါတယ် လို့ ပြောကြားသွားခဲ့တာပါ

Writer – Magic

Shwe Yaung Myanmar