ဦးလွှမ်းမိုးရဲ့”ပဲပြုတ်သည်မထား” သီချင်းကို အခုခေတ်ပုံစံတစ်မျိုးနဲ့ ပြန်လည်သီဆိုခဲ့တဲ့ အကြောင်းအရင်းကို ပြောပြလာတဲ့ နေထွဋ်

နေထွတ်က “ပဲပြုတ်သည်မထားသီချင်းကတော့ ကျွန်တော်ဟိုးငယ်ငယ်လေးကတည်းက ဦးလေးတို့ အဖေတို့ တချိန်လုံးဖွင့်လို့ နားစွဲနေတဲ့သီချင်းလေးပါ
ဒီသီချင်းလေးက ကျွန်တော်တို့အိမ်မှာ အနည်းဆုံး တရက် ငါးခါလောက်ကိုဖွင့်တာပေါ့



အသက်ကြီးလာတော့လည်း ကျွန်တော်တို့ အမြဲ နားထောင်ဖြစ်တယ်ပေါ့ ခရီးသွား ကားမောင်းနေရင်လည်း အမြဲ ဖွင့်ဖြစ်တယ် နောက်တော့စဉ်းစားမိတာပေါ့ ဒီသီချင်းကို ငါအရမ်းကြိုက်တယ် ဘာဖြစ်လို့ ကာဗာမဆိုတာလဲပေါ့ ကျန်တဲ့ပရိသတ်တွေလည်း ကြိုက်ကြမှာပဲဆိုပြီး ဒီသီချင်းလေးကို ဆိုဖြစ်တာပါ လို့ဆိုလာခဲ့တာပါ



Cover Song လေးဖန်တီးဖြစ်ပုံကိုလည်း ” ဒီသီချင်းတီးထားတာ လွန်ခဲ့တဲ့ တနှစ်ကတီးထားတာ ကျွန်တော့သူငယ်ချင်းတယောက်နဲ့တူတူလုပ်ထာားတဲ့ Project ပေါ့ ဒါမဲ့ ဆက်မလုပ်ဖြစ်ခဲ့ဘူး ကိုဗစ်ဖြစ်သွားတာလည်းပါမယ် အဲ့လိုမလုပ်ဖြစ်ပဲနဲ့ အခုမှ ဒီဖိုင်လေးကိုရှာတွေ့ပြီးတော့မှ ရိုက်ဖြစ်သွားတာပါ



ခု Facebook မှာလည်း Cover Song တွေက လူပြောများနေတော့ MTV တွေဘာတွေမရိုက်ပဲ လုံးဝ Homemade ပဲ ကျွန်တော့အိမ်က ရေခဲသေတ္တာ ရှေ့မှာပဲဆိုပြီး ရိုက်လိုက်တာပါ



ဦးလွှမ်းမိုးကတော့ ကျွန်တော့အဖေနဲ့ ကျွန်တော့ဦးလေးကသူ့ရဲ့ လုံးဝ Big Fan ပဲပေါ့ ဦးလွှမ်းမိုးတို့ဦးကိုင်ဇာတို့ဆိုတာ အရမ်းကြိုက်တာပေါ့ ခုဒီသီချင်းကိုဆိုမယ်ဆိုတော့လည်း အားပေးတယ်
ပေါ့



ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ပတ်သတ်ပြီး”ပရိသတ်တွေကတော့ သူတို့အနုပညာရှင်းအစွဲဆိုတာရှိမှာပဲလေ ကျွန်တော်ကိုယ်တိုင်လည်းရှိတယ် ဒီကာဗာဆိုတာ မူရင်းကိုလုံးဝမမှီဘူး ပေါ့ ဒါကြောင့် ကျွန်တော်ကာဗာဆိုကတည်းက ပရိသတ်ဝေဖန်မှုတွေကိုစိတ်လျှော့ထားတယ်
လူတိုင်းမှာ ကိုယ့်အမြင်နဲ့ကိုယ်ရှိတယ်ဆိုတော့ အဲ့ဒါကို လုံးဝနားလည်ပေးပါတယ်” လို့ဆိုလာခဲ့တာပါ ပရိသတ်ကြီးရေ



နေထွတ်ရဲ့ ကာဗာ သီချင်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်

Writer – Magic
Shwe Yaung Myanmar