အရက်မူးလာရင် ဘုရားကိုတောင် ဆဲခဲ့တဲ့အထိ လမ်းမှားရောက်ရာကနေ မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အကူအညီရခဲဖူးကြောင်း ပြောပြလာတဲ ဒါရိုက်တာမောင်သီ

ဒါရိုက်တာမောင်သီက ” ကိုဗစ်ကာလမှာ အားနေတော့ အဘဆရာ ခိုင်းလို့ ပရိတ်ကြီး ၁၁ သုတ် ကို မြန်မာလိုပြန်ပြီး လူတွေကို ဝေတာပေါ့…. ပရိတ်ကြီး ၁၁ သုတ်ကလည်းမင်္ဂလသုတ်ကလွဲရင် ကျန်တဲ့ ၁၀ ခုအတွက်က လည်း မြန်မာလိုမရှိဘူးဖြစ်နေတယ်ပေါ့.. ဒါလေးကို ဘာသာရေးအတွက် အထောက်အပံ့ဖြစ်အောင် လုပ်ဖြစ်ခဲ့တာပေါ့



ပိုပြီးကျယ်ပြန့်လာအောင်လည်း ဝတ်အသင်းလေးတွေဖွဲ့ပြီး ရွတ်ဖြစ်တယ် MRTV 4 က သရုပ်ဆောင်လေးတွေစုပြီး လုပ်ဖြစ်တာပါ….. ရွှေတိဂုံဘုရားမှာ မနက် ၈ ခွဲဆို စုတယ်၉ နာရီဆိုစရွတ်ဖြစ်ပါတယ်. ဒီထဲမှာမှ တပည့်နွေးနွေးချစ်ဖွယ်ကတော့ သူကိုယ်တိုင်ပရိတ်ကြီး ၁၁ သုတ် ကိုရွတ်ပြီး အကျိုးကျေးဇူးတွေရလာတာနဲ့ သူ့အဖွဲ့လေးနဲ့သူ ရွတ်ကြတယ်ပေါ့ အားလုံး ၂ ဖွဲ့ရှိတာပေါ့


ကပ်တွေလာတော့မယ်လို့ ကြိုပြောခဲ့တာနဲ့ ပတ်သတ်ပြီး မောင်သီ က ကျွန်တော်တို့ လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ် ဝန်းကျင်လောက်ထဲက ကြိုပြောခဲ့တယ်ပေါ့ ကပ်တွေလာတော့မယ်အဲ့ဒီကတည်းကလည်း ဆဲကြတာပေါ့နော်




ဆိုရှယ်မီဒီယာမှာ ရေးဖြစ်တော့ ဆဲတာနဲ့ နောက်ပိုင်း အကုသိုလ်များတော့ မရေးဖြစ်တော့ဘူး အဲ့တော့ ကျွန်တော်တို့လို ၁၀ နှစ် ၁၂ နှစ်ဝန်းကျင်တရားအလုပ်ကိုလုပ်လာတဲ့သူတွေတောင်မှ ဒါတွေကိုကြိုသိရင် ဘယ်သူမဆို သိနိုင်တယ် တရားဆိုတော့ သိအောင်ကျင့်ရတာပေါ့ ကျွန်တော့လို လူတောင်သိမယ်ဆိုရင် ကျွန်တော့ထက်အများကြီးပိုပြီး တရားအလုပ်လုပ်သူတွေက အများကြီးပိုသိမှာပါပဲ သူတို့လည်းကြိုသိပါတယ်.. ဒါပေမယ့်နိုင်ငံရဲ့အခြေအနေကြောင့် မတားဆီးနိုင်ဘူးပေါ့


ကျွန်တော်အခု တရားအလုပ်လုပ်တာ ၁၆ နှစ်ရှိသွားပါပြီ အခုကျွန်တော့ အသက် ၅၄ ပေါ့ အသက် ၃၈ ရဲ့ဟိုဘက်ပိုင်းတွေက တော်တော်ကြီးကို ဆိုးခဲ့တယ် အရက်သောက်တယ် မူးယစ်ဆေးဝါးလုပ်တယ်ပေတေပြီးတော့မှ အဘအောင်မင်းခေါင် ချွတ်ပေးလို့ ဒီလမ်းကြောင်းပေါ်ရောက်တယ်….ခုတော့လည်း ကောင်းတဲ့ စိတ်လေးရှိတော့ အေးချမ်းတာပေါ့



ဦးသီတို့တုန်းကလည်း ဦးသီတို့အထိုက်အလျောက်နဲ့ ပေခဲ့တေခဲ့တာပဲ တအားကိုဆိုးခဲ့တယ် ဘုရားတောင်မယုံဘူး ဘုရားလည်းမယုံဘူး ဘုရားလည်း မရှိခိုးဘူး ငယ်ငယ်တုန်းကတော့ လုပ်တယ် ..အဘိုးက မြိတ်မှာ ဘာသာရေးလုပ်တော့ ငယ်ငယ်တုန်းကတော့ လုပ်တယ် ကိုးတန်းဆယ်တန်း မှာ လမ်းလွဲသွားတယ် သောက်စားမူးယစ်ပြီးတော့ ဒါရိုက်တာဘဝတလျှောက်လုံးပါပဲ ဆိုးတယ်မူးလာတာနဲ့ ဘုရားဆဲတာတို့ အဲ့လိုကိုလုပ်တယ် ချောက်ထဲကျလုနီးနီးပေါ့ ဒါ အဘတို့ကယ်တာပါ… လို့ပြောပြခဲ့တာပါ ပရိသတ်ကြီးရေ

Writer- Magic

Shwe Yaung Myanmar