ပိုင်တံခွန် ကိုယ်ဝန်နဲ့တုန်းက အရမ်းထူးခြားတဲ့ ကိစ္စတစ်ခုကိုပြောပြလာတဲ့ မိခင်ဖြစ်သူ အန်တီကြူ

ပိုင်တံခွန်ရဲ့ မိခင်ဖြစ်သူ အန်တီကြူက အန်တီကတော့ ကိုယ့်သားသမီးလေး နာမည်ကျော်ကြားပြီး လူသိများလာတာတော့ ပျော်ပါတယ်




ဒါပေမယ့် သူ့လမ်းလေးမှာ သူနာမည်ကြီးတာလေ အန်တီကဒီတိုင်းမနေတတ်ဘူး အရင်ကတည်း ဈေးရောင်းလာတာ မလုပ်ဖူးတဲ့အလုပ်လည်းခပ်ရှားရှားပဲ အဲ့လိုဖြတ်သန်းတဲ့မိန်းမတယောက်ဆိုတော့ ကိုဗစ်ဖြစ်ပြီးကတည်း နားနေရတော့ မနေတတ်ဘူး နည်းနည်းကောင်းပြီဆိုတာနဲ့
အလုပ်လုပ်ချင်တာ အဲ့လိုစိတ်လေးရှိတာပေါ့



ကိုယ်တိုင်ကဒီလိုစိတ်ရှိတော့ ပိုင်တံခွန် နဲ့ ခဏခဏ ပြဿနာဖြစ်ရတယ် …. သူလာပြီဆို အမြဲ ပြောတယ် ဘာလို့ဒါတွေလုပ်နေတာလဲ အမေ အလုပ်မလုပ်နဲ့


အေးဆေးနားနေ သားတို့ပေးတာ မလောက်လို့လားပေါ့ သူ့ကိုပြောပြရတယ် အန်တီက ကိုယ်တိုင် ငွေရှာ ကိုယ်တိုင်အလုပ်လုပ်ရမှ ကျေနပ်တာ ဒီတိုင်းကြီး
ထိုင်မနေချင်ဘူး နောက်ဆုံး အိုးတိုက်ပန်းကန်ဆေးတာက အစ ကိုယ်တိုင်လုပ်ရမှကျေနပ်တာ အဲ့လိုမျိုးပေါ့



အန်တီက တတိယကိုဗစ်မှာ အောက်စီဂျင်နဲ့ တချိန်လုံးနေခဲ့ရတာ အဲ့တော့ အခုသက်သာလာပြီဆိုတော့ အလုပ်လုပ်ချင်တယ် အန်တီက သိန်း ၁၀၀ ရှိရင် သိန်း၁၀၀
နဲ့တန်တဲ့အလုပ်လုပ်ချင်တယ်


သူတို့ဘယ်လောက်ပေးပေး ကိုယ့်ငွေနဲ့ကိုယ် စီစဉ်ချင်တယ်ပေါ့ပိုင်တံခွန်ကတော့ တမိသားစုလုံးကို ကူညီတယ် အန်တီ့ဆိုလည်း လိုလေသေးမရှိပဲ သူ့အကို သူ့အမ တွေကအစ ထောက်ပံ့တယ် သူ့ တူလေးတွေဆို ကျောင်းအကောင်းဆုံးမှာ
ထားဖို့ အထိပဲ တယောက်ချင်းစီအလိုက်ကို သူထောက်ပံ့တာ



ဆီစားများတဲ့ ကားကို ဝယ်လာလို့ အန်တီက သူ့ကို ဆူတယ် သူကတော့ ပြောပါတယ် မေမေရယ် သားကြိုက်လွန်းလို့ပါပေါ့ အန်တီကတော့ ရှေ့နောက်ကြည့်ဖို့ ပဲပြောတာပါ..
အခုတော့ ကားကို အိမ်မှာပဲသိမ်းထားတယ်



အန်တီ သားသမီး ၁၁ ယောက်မွေးတယ် ပိုင်တံခွန် ဗိုက်နာသလို တယောက်မှ မနာဘူး ပိုင်တံခွန်ဗိုက်နာတဲ့အချိန်မှာ အမြင့်တွေ သစ်ပင်တွေကို ဖက်တက်ချင်တာ ဗိုက်နာပြီဆိုတာနဲ့
အမြင့်တွေခုန်တက်တာ အိမ်မှာရှိတဲ့ ဗီရိုတွေကို ခုန်တက်တာ သူငယ်ချင်းတွေက ဆွဲချရတယ် သူတို့တောင်ပြောတယ် နင်ဗိုက်နာတာကဘယ်လိုမျိုးလဲပေါ့ အော်ငိုလိုက် ခနနေဆို သစ်ပင်တက်ချင်လိုက်ပဲ


ပိုင်တံခွန်က ၃ နှစ် ၄နှစ်လောက်အထိ တော့ ထူးခြားတာသိပ်မရှိဘူး တခြားကလေးတွေလိုမဟုတ်ဘူး သူကစာဖတ်တယ် စာသင်တာလည်းဇွဲကြီးတယ် မနက် ၄ နာရီအထိ ပါ ထပြီး ဆရာမတွေကိုစာသင်ခိုင်းတာ နောက်ဆုံး ဆရာမ တွေကပါတားယူရတဲ့အထိပဲ” လို့ ပိုင်တံခွန်ရဲ့ ငယ်ဘဝကိုပြောပြလာခဲ့တာပါ



အန်တီက သားတွေကို မှာထားတယ် ချစ်သူထားရင် တစ်ကယ်လက်ထပ်ယူမယ့် မိန်းကလေး ကိုမှ အိမ်ခေါ်လာ မိဘနဲ့ မိတ်ဆက်ပေးလို့ မှာထားတယ် သားကြီးနိုင်တံခွန်တုန်းကလည်း သူ့ဇနီးကို သူတစ်ကယ်လက်ထပ်မှာဖြစ်လို့ အိမ်ခေါ်လာတယ် သားငယ် ပိုင်တံခွန်လည်း သူ့ကောင်မလေး ကို အိမ်ခေါ်လာမိတ်ဆက်ပေးပြီးပြီ လို့လည်းဆိုလာခဲ့တာဖြစ်ပါတယ်

Writer – Magic

Shwe Yaung Myanmar