အဖြူအစိမ်းနဲ့ အမျိုးသမီးတစ်ဦးက သူ့ကို ထူးဆန်းတဲ့ ဓာတ်ပုံ လာပြတဲ့ အချိန် ခံစားချက်တစ်ခုရခဲ့တဲ့ အကြောင်းပြောပြလာတဲ့ ဒါရိုက်တာ ညိုမင်းလွင်

ဒါရိုက်တာ ညိုမင်းလွင်က ” အရင်ဆုံးပြောရရင်တော့ ဒီဇွန်နဲ့ဇူလိုင်က ကျွန်တော့အတွက်တော့ အမှတ်ရစရာလတွေပေါ့ ၂၀၀၇ ခုနှစ် ဒီလိုအချိန်မှာ ည ကျောင်းဆိုတဲ့ ဇာတ်ကားထွက်ခဲ့ဖူးတယ် အဲ့ဒီအချိန် အဲ့ဒီကာလကတော့ ဒီဇာတ်ကားဟာ ဗီဒီယိုကြည့်တဲ့လူတွေကြားမှာတော်တော်လေး နာမည်ကြီးခဲ့တယ်ပေါ့ ကျွန်တော့အတွက်လည်း တကယ့်ကိုအမှတ်ရစရာပါ ၂၀၂၂ ဇူလိုင်မှာ ညကျောင်းထွက်ခဲ့တာ ၁၅ နှစ်ပြည့်ပါပြီ…



ခုလိုအချိန်မှာ Production တွေမစနိုင်သေးပေမယ့် ကျွန်တော် ညကျောင်း အမှတ်တရအနေနဲ့ ပရိသတ်ကြီးကို ရုပ်ရှင်ဇာတ်ကားတကား မိတ်ဆက်ပေးဖို့ စိတ်ကူးခဲ့တယ် ပြင်ဆင်ခဲ့တယ်ပေါ့အဲ့ဒီမှာ ဘာဖြစ်လို့ အပြင်လူတွေနဲ့ ရိုက်ကူးဖို့ ပြင်ဆင်ခဲ့သလဲဆိုရင် အဓိကက ညကျောင်းရဲ့ အထိမ်းအမှတ်လည်းဖြစ်တယ်ပေါ့



ညကျောင်းတုန်းကအဲ့ဒီမှာ ပါဝင်ခဲ့တဲ့သရုပ်ဆောင်တွေ ဖြိုးငွေစိုးတို့ ပြေတီဦးတို့ ချစ်စနိုးဦး တို့ အကုန်လုံးက အဲ့ဒီတုန်းက A Level သရုပ်ဆောင်တွေမဟုတ်ခဲ့ကြဘူး ညကျောင်းရိုက်ခဲ့တဲ့အချိန်တုန်းကပေါ့



ကျွန်တော်တို့ လူငယ်တွေကြီးပဲပေါင်းပြီးတော့ ရူးရူးမိုက်မိုက်နဲ့လုပ်ခဲ့ကြတဲ့ အချိန်တွေပေါ့ အခုလို သူ့အမှတ်တရ အနေနဲ့ ရိုက်မယ်ဆိုရင် ကင်မရာရှေ့ကို တခါမှ မရောက်ဖူးတဲ့သူအနေနဲ့ဆို ဘယ်လိုနေမလဲလို့ ကိုယ့်ကိုကိုယ် Challenge လုပ် ကြည့်ချင်သွားတယ် အကုန်လုံးအတွက် အသစ်ဖြစ်မယ်ပေါ့ ဒါကြောင့်လည်း ဒီအစီအစဉ် ကို အကောင်အထည်ဖော်ဖြစ်တာပါ



သရုပ်ဆောင်သစ်အနေနဲ့ ၃ ယောက် ၄ ယောက်လောက် ကျွန်တော်တွေ့ထားပါပြီ…. ဇာတ်ကောင်တွေအများကြီးပါမှာ ဖြစ်လို့ ဆက်ပြီးတော့ရွေးချယ် ရိုက်ကူးသွားမှာပါ…သေချာတာကတော့ ညကျောင်းရဲ့အထိမ်းအမှတ်အနေနဲ့ ရိုက်တာဖြစ်လို့ Horror ကားပဲဖြစ်မှာပါ… နောက် အသက် ၁၀ နှစ်ကနေ အသက် ၅၀ ကျော်အထိ အလွှာစုံပါဝင်မှာပါ…. အဓိကကတော့ ပရိသတ်မမြင်ဖူးတာမျိုးဖြစ်စေချင်တယ်..



သူတို့ကိုလည်း Acting Coach တွေနဲ့သေချာသင်ပေးရမှာပေါ့ ကျွန်တော်ဒီဇာတ်လမ်းလေးကို စပြီး အိုင်ဒီယာရခဲ့တာက ဆန်းကြယ်ပါတယ်… တခါတလေကျွန်တော်တို့က တနေကုန် ဇာတ်လမ်းထိုင်စဉ်းစားနေလည်း ရချင်မှရတာလေ..အဲ့ဒီမှာ ကျွန်တော့ကို အမျိုးသမီးတယောက်က သူ့ဓာတ်ပုံလေး မက်ဆင်ဂျာကလာပြတယ် ကျွန်တော်က သရုပ်ဆောင်လုပ်ချင်လို့လားဆိုတော့ မေးလိုက်တော့ သရုပ်ဆောင်တော့မလုပ်ချင်ဘူးတဲ့ သူငယ်ငယ်က စိတ်ကူးယဉ်ဖူးတာက ကျောင်းဆရာမ ဖြစ်ချင်တာတဲ့


 • 
ကျောင်းဆရာမအနေနဲ့ သရုပ်ဆောင်ရမယ်ဆိုရင် လုပ်ချင်တယ်လု့ိ သူကပြောတယ် ဒါပေမယ့် သူ့မျက်လုံးတွေကို ကြည့်တဲ့အချိန်မှာ နည်းနည်းကြောက်စရာကောင်းတယ်လို့ခံစားရတယ် အဖြူအစိမ်းဝတ်စုံနဲ့ ကျောင်းဆရာမကာရိုက်တာကို ဒီကြောက်စရာ မျက်လုံးတွေနဲ့ ဘယ်လိုရိုက်မှာလဲပေါ့ အဲ့လိုစဉ်းစားလိုက်မိတာမှာပဲ ကျွန်တော် အတွေးတခုရလာတယ် ငါကျောင်းဆရာမ သရဲကားမရိုက်ဖူးသေးဘူးပေါ့ အဲ့မှာတင် ကျွန်တော်ဆက်စဉ်းစားလိုက်တော့ ဒီ ဇာတ်လမ်းကို ရခဲ့တာပါလို့ ပြောသွားခဲ့တာဖြစ်ပါတယ်…

Writer – Magic

Shwe Yaung Myanmar