အမကို ကြိုက်ရင်လိုက် ယောက်ဖလို့ ခေါ်ခံရလည်း စိတ်မဆိုးဘူးလို့ ဆိုလာတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ရဲ့ မောင်လေး ညီဆက်ကျော်

  • ယခု သတင်းသည် Shwe Yaung Myanmar မှ ရေးသားထားသော သတင်း ဖြစ်သည်။

မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေရဲ့စိတ်ဝင်တစားအားပေးမှုကို အပြည့်အဝရရှိနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို နှစ်အတော်ကြာအောင် လုပ်ကိုင်ခဲ့တဲ့ သင်ဇာဝင့်ကျော်က အခုချိန်အထိ သူမရဲ့အောင်မြင်မှုတွေကို ထိန်းထားနိုင်တာ ဖြစ်ပါတယ်။ အထူးသဖြင့် သင်ဇာဝင့်ကျော်က ပုရိသတွေကြားမှာ သည်းသည်းလှုပ်ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ရဲ့ မောင်ဖြစ်သူ ကိုညီဆက်ကျော်ကတော့ သင်ဇာဝင့်ကျော်ရဲ့ လက်ရှိအချစ်ရေးနဲ့ပတ်သတ်ပြီး အမဖြစ်သူဟာ အပျိုကြီးပဲဖြစ်ဖို့များတယ်လို့ဆိုပါတယ် သူ့အနေနဲ့ ငယ်စဉ်ကတည်းက သူငယ်ချင်းတွေရဲ့ ယောက်ဖလို့ အဗခါ်ကာ စနောက်မှုကိုခံခဲ့ရပေမယ့် ဘာမှ မခံစားရဘူးလို့လည်း ဆိုခဲ့တာပါ

ကိုညီဆက်ကျော်က “အထက်တန်းရောက်သွားတဲ့အချိန်ကတည်းက ယောက်ဖ ယောက်ဖနဲ့ ခဏခဏ အစခံရတယ် လာခေါ်လည်း ကြိုက်ရင်လိုက်လို့ပဲပြောလိုက်တယ် ငါ့အမ မကြိုက်နဲ့ မထိနဲ့တွေဘာတွေလည်း ပြောမနေဘူး တယောက်နဲ့တယောက်တော့မတူဘူးပေါ့နော် ကျွန်တော်ကတော့အဲ့လို လာခေါ်လည်း ဘာမှ မဖြစ်ဘူး စိတ်ထဲမှာမထားတတ်ဘူး ” လို့ ခဏခဏ အစခံရတဲ့အကြောင်းပြောလာခဲ့တာဖြစ်ပါတယ်

သင်ဇာဝင့်ကျော်ရဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီးလည်း မင်းဆက်ကျော်က ” သူက အပျိူကြီး ဖြစ်ဖို့များတယ် အရမ်းသည်းခံနိုင်တဲ့ သူတစ်ယောက်ဖြစ်မှ သူနဲ့ အဆင်ပြေမှာ….အိမ်ထောင်ကျပါစေလည်း မပြောချင်သလို အပျိုကြီးဖြစ်ပါစေလို့လည်း မပြောချင်ဘူး ဒါပေမယ့်သူ့ပုံစံအရကို ပြောပြတာပါ ” လို့ဆိုလာခဲ့တာပါ ပရိသတ်ကြီးရေ

ကိုမင်းဆက်ကျော်ကတော့ အမဖြစ်သူနဲ့ပတ်သတ်ပြီး သူမအပေါ် အမြင်တွေကို ပွင့်ပွင့်လင်းလင်းဖွင့်စလာခဲ့တာပါ ပရိသတ်ကြီးရေ ပရိသတ်ကြီးရဲ့ အမြင်ကိုလည်းပြောခဲ့ကြပါအုန်းနော်

Be the first to comment

Leave a Reply

Your email address will not be published.


*