ခေါင်းကြောမာတဲ့ သမီးလေးမြူလင်းကိုကို အကြောင်းတွေ ပြောပြလာတဲ့ သရုပ်ဆောင် လင်းဇာနည်ဇော်

  • ယခု သတင်းသည် Shwe Yaung Myanmar မှ ရေးသားထားသော သတင်း ဖြစ်သည်။

သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ Single Mother တစ်ယောက်အဖြစ် ရပ်တည်ပြီး သမီးလေးကို ပြုစုပျိုးထောင်နေသူလည်း ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားပေမယ့်လည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ သူမဟာ ကိုယ်ပိုင်စီးပွားရေးတွေကိုလည်း လုပ်ကိုင်နေသူပါ။

မြူလင်းကိုကို ကတော့ ပြည်ပမှာ သွားရောက်ပညာသင်ကြားနေသူဖြစ်ပြီး ကျောင်းအားလပ်ရက်တွေမှာ မိခင်ဖြစ်သူဆီကို အလည်ပြန်ရောက်နေတာဖြစ်ပါတယ် ဒီရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ မြူလင်းကိုကို ခေါင်းကြောမာတတ်သူတစ်ဦးဖြစ်တယ်လို့ မိခင်ဖြစ်သူ လင်းဇာနည်ဇော်ကဆိုလာခဲ့တာပါ

သမီးလေးကိုက အမြဲစိတ်ပူလေ့ပူထရှိတယ် ဒါကလည်း မိဘတိုင်းက ပူလေ့ရှိတာပဲဆိုတော့ သိပ်တော့လည်းမထူးဆန်းပါဘူး
အမတို့ကျတော့ သားအမိလို့လည်းပြောလို့ရတယ် ညီအမလို့လည်း ပြောလို့ရတယ်ပေါ့ အမြဲတမ်းကြီးလည်း လိုက်ချုပ်ချယ်နေတာမျိုးမဟုတ်ပါဘူး သမီးကတော့ တခါတလေ ခေါင်းကြောနည်းနည်းမာတယ် ” လို့ဆိုလာခဲ့တာပါ

သူမရဲ့ ကိုယ်ပိုင်လုပ်ငန်းမှာ မြူလင်းကိုကိုတစ်ယောက် ဝင်ရောက်ကူညီပေးပုံကိုလည်း လင်းဇာနည်ဇော်က “ သူရန်ကုန်ပြန်ရောက်လာပြီဆိုရင် အစ်မက အနားမပေးဘူး။ သူ့ကို ခေါက်ဆွဲဆိုင်နဲ့ ပတ်သက်ပြီး စီမံခန့်ခွဲဖို့ အလုပ်ပေးတယ်။ အခု Covid ကာလမှာ အစ်မတို့ Online Delivery လုပ်လိုက်တဲ့ အချိန်မှာ Page ကနေ သူပဲ အော်ဒါကောက်၊ သူပဲ လမ်းကြောင်းဆွဲတာဆိုတော့ သမီးလေးပဲ ဦးစီးပြီးလုပ်နေတာပေါ့။ သူက အလုပ်ကို အရမ်းလောဘကြီးတဲ့သူပါ။ အရင်တုန်းကဆို သောကြာ၊ စနေ (၂) ရက်ပဲ Delivery ပို့တာ ကလေးတွေ ပင်ပန်းမှာ စိုးလို့လေ။ သူရောက်လာတော့ တစ်ပတ်လုံးကို အလုပ်လုပ်နေရတာ။ ကိုယ်တွေကလည်း သမီးရေ နားရက်လေး ထားဦးဆိုပြီးတော့ ပြောနေရတယ်” လို့ဆိုပါတယ်။

ယခုကိုဗစ်ကာလမှာ သမီးဖြစ်သူအလည်ပြန်လာရင်း အနားမှာရှိနေတဲ့ အတွက်လည်း စိတ်မပူရတော့လို့ ဝမ်းသာမိတယ်လို့လည်း လင်းဇာနည်ဇော်ကပြောသွားခဲ့ပါသေးတယ် ပရိသတ်ကြီးရေ

Be the first to comment

Leave a Reply

Your email address will not be published.


*