The Voice ပြိုင်ပွဲမှာ သီဆိုခဲ့တဲ့ သီချင်းနဲ့ ပတ်သတ်ပြီး အမှတ်တရတစ်ခုကို ပြောပြရင်း မျက်ရည်ကျခဲ့တဲ့ ယုဇန

  • ယခု သတင်းသည် Shwe Yaung Myanmar မှ ရေးသားထားသော သတင်း ဖြစ်သည်။

ယုဇနကတော့ နှစ်အနည်းငယ်လောက်ပရိသတ်ရှေ့က ပျောက်သွားခဲ့ပေမယ့် အခုချိန်မှာဆိုရင်တော့ သီချင်းတွေပြန်လည်သီဆိုနေပြီဖြစ်ပါတယ်။ မကြာသေးခင်ကမှ ကိုယ်ပိုင်သီချင်းအသစ်တစ်ပုဒ်ထွက်ထားသလို ခင်ဘုဏ်း၊ ရှင်ဖုန်းတို့နဲ့အတူ အဖွဲ့လိုက်သီချင်းလေးလည်း ထွက်ရှိထားပါသေးတယ်

The Voice Myanmar ပြိုင်ပွဲကြီးရဲ့ Blind Audition မှာတော့ ယုဇနဟာ Surprise အနေနဲ့ ပဋိပက္ခသီချငိးလေးနဲ့ ဖျော်ဖြေခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုရရှိခဲ့တာဖြစ်ပါတယ် ပဋိပက္ခသီချင်းဟာ ယုဇနနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အက်ဆစ်အဖွဲ့ဝင် ကိုဟိန်းဇော် တို့ရဲ့ သီချင်းလေးဖြစ်တာကြောင့် ဒီသီချင်းကိုဆိုခဲ့ချိန်မှာ ကိုဟိန်းဇော်ကို သတိရမိတဲ့အကြောင်းလည်းယုဇနကရင်ဖွင့်လာခဲ့တာပါ

“ပဋိပက္ခသီချင်းလေးနဲ့ အစ်မကို ပရိသတ် စသိခဲ့တာ၊ ဒီသီချင်းနဲ့ ပတ်သက်ပြီး အမှတ်တရတွေ အများကြီးရှိတယ်၊ ဒီသီချင်းကိုဆိုတဲ့အချိန်မှာ ပျော်ရွှင်ရသလို ကိုဟိန်းဇော်ကြီးကို အရမ်းပဲ သတိရမိတယ်၊

ကိုဟိန်းဇော်နဲ့ ပတ်သက်ပြီး မေ့လို့မရတဲ့ အမှတ်တရက အစ်မတို့မိသားစု လှိုင်မှာနေတုန်းက အစ်မတို့ အိမ်နားမှာ မီးအကြီးအကျယ်လောင်တယ်၊ ကိုဟိန်းဇော်ကြီးက ဖုန်းဆက်လာပြီး ချက်ချင်းပဲ ကားကြီးနဲ့ ရောက်ချလာတယ်၊ အစ်မတို့က ဝရံတာကနေ အထုတ်ကြီးတွေကို ပစ်ချတယ်၊ လှေကားကနေ သယ်ကြတယ်၊ ကိုဟိန်းဇော်ကြီးက “ယုဇန…ပေး” ဆိုပြီး အထုတ်ကြီးတွေကို သယ်တယ်၊ သူ့ကားနောက်ခန်းထဲကို ထည့်တယ်၊ အဲ့နေ့ကိုတော့ မေ့လို့မရဘူး” လို့ ယုဇနက ဝမ်းနည်းမျက်ရည်ကျရင်း ပြောပြလာခဲ့တာဖြစ်ပါတယ်

ယုဇနကတော့ ပဋိပက္ခသီချင်းကို သီဆိုဖျော်ေ့ဖဖြစ်ခဲ့တဲ့အကြောင်း ပြောကြားရင်း သူမကို အနုပညာခရီးလမ်းပေါ်ရောက်အောင် ဆွဲခေါ်ပေးခဲ့တဲ့ ကွယ်လွန်သူ ကိုဟိန်းဇော်ကို သတိရမိခဲ့တာကြောင့် မျက်ရည်ကျခဲ့ရတာပဲဖြစ်ပါတယ်နော် ယုဇနကို အားပေးစကားလေးပြောသွားခဲ့ကြဖို့လည်းတောင်းဆိုချင်ပါတယ်နော်

Be the first to comment

Leave a Reply

Your email address will not be published.


*