အခုလက်ရှိတွဲနေတဲ့ ချစ်သူမမ ရဲ့အကြောင်းလေးတွေ ပြောပြလာတဲ့ သရုပ်ဆောင် အိစိကွေး

  • ယခု သတင်းသည် Shwe Yaung Myanmar မှ ရေးသားထားသော သတင်း ဖြစ်သည်။

အိစိကွေးကတော့ ငယ်စဉ်ကလေးဘဝကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားတဲ့ ကလေးသရုပ်ဆောင် တစ်ယောက်ပါ။ အလှူအတန်းတွေမကြာခဏပြုလုပ်တတ်သလို အနုပညာခရီးလမ်းကိုလည်း ဂီတဘက်မှာရော ရုပ်ရှင်ဘက်မှာပါ အောင်မြင်အောင် ကြိုးစားလျှက်ရှိတာဖြစ်ပါတယ်


ယခုရက်ပိုင်းမှာတော့ ဆယ်လီစုံထောက် ဟန်ငြိမ်းဦးက အိစိကွေးမှာ ချစ်သူရှိနေပြီလို့ ချပြလာခဲ့ပြီး ပရိသတ်တွေကြား အံ့ဩသွားခဲ့ရတာပါ ဒီသတင်းတွေကိုတော့ မီဒီယာတွေ့ ဆုံမှုတစ်ခုမှာ အိစိကွေးက အတည်ပြုပေးခဲ့ပြီး သူ့ ရဲ့ ချစ်သူမမ အကြောင်းဖွင့်ဟလာခဲ့ပါတယ်

“ချစ်သူနဲ့ကအေးဆေးပါပဲ ကိုဗစ်ကြီးလည်းဝင်နှောင့်ယှက်လို့မရပါဘူး တကယ်အေးဆေးပဲသွားနေတာပါ စတွေ့တာကတော့ သင်္ကြန်မှာစတွေ့တာပါ နောက်တော့ မြန်မာကားထဲကအတိုင်း တယောက်နဲ့တယောက် အပြန်အလှန်စကားပြောရင်းနဲ့ ကြိုက်သွားကြတာပေါ့ ” လို့ ပြောပြလာခဲ့တာဖြစ်ပါတယ်

” မမ နဲ့ အရင်တုန်းက တွဲခဲ့ဖူးတယ်။ ရည်းစားဟောင်းပါပဲ နောက်ကျတော့ သူလည်း တဖြည်းဖြည်းနဲ့ လောကကြီးအကြောင်းသိ၊ ကိုယ်လည်း လောကကြီးအကြောင်းသိပြီးတဲ့နောက် သူက တော်တော်လေး ရင့်ကျက်လာပြီ။ ဟိုးအရင်တုန်းက တွဲခဲ့တဲ့ သက်တမ်းဆိုရင် ဒီလမှာ (၃) နှစ်ပြည့်ပြီ။ နောက်တကျော့ပြန်တွဲတဲ့ သက်တမ်းဆိုရင်(၄) လလောက်ပဲရှိပါသေးတယ်” လို့ ဆိုလာခဲ့တာပါ

အိစိကွေးက သူ့ရဲ့ချစ်သူမမဟာ လူကြီးလည်းတအားဆန်ပြီး သူ့အပေါ်လည်းတော်တော်ကောင်းတဲ့အကြောင်းကိုလည်းဖွင့်ဟလာခဲ့ပါသေးတယ် ပရိသတ်ကြီးရေ လူမှုကွန်ယက်မှာနာမည်ကြီးနေတာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်နော်

Be the first to comment

Leave a Reply

Your email address will not be published.


*