သူမ ဟင်းချက်တာကို အောင်လ က မယုံသလိုလိုနဲ့ မစားရဲဘူး လို့ ပြောလာတဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်း

အဆိုတော်ဝိုင်းစုခိုင်သိန်းကတော့ အောင်မြင်လျက်ရှိနေခဲ့တဲ့ ထိပ်တန်းအဆိုတော်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တ
သူမကတော့ ယခုမှာသီချင်းအသစ်လေးတွေကိုလည်း ထွက်ရှိထားသူလေးပဲဖြစ်ပါတယ်။

ဝိုင်းစုဟာ ခင်ပွန်းသည်အောင်လနဲ့လည်း ချစ်ချစ်ခင်ခင်နဲ့ အနုပညာခရီးလမ်းကို အတူလက်တွဲလျှောက်လှမ်းနေတာပါ။သူမအနေနဲ့ ဘယ်တော့မှ ဟင်းမချက်တတ်လောက်တော့ဘူးလို့ထင်ထားခဲ့ပေမယ့် အခုကိုဗစ်ကာလမှာတော့ ဟင်းချက်တတ်သွားပြီ လို့ဆိုလာခဲ့တာဖြစ်ပါတယ်။

“ဝိုင်းစုဒီတသက်ဟင်းမချက်တတ်လောက်ဘူးလို့ ထင်ထားတာပေါ့နော် အခုဒီကိုဗစ်ကာလကြီးကျတော့ Youtube တွေကြည့်ရင်းနဲံ့ စမ်းချက်ကြည့်တာပါ။ကိုအောင်လကတော့ မယုံဘူး။ချစ် ချက်မှာလားဆိုပြီး သူကကြောက်တဲ့ပုံစံမျိုးလုပ်နေတာလေ…..မစားသလိုလို ဘာလိုလိုနဲ့ ….. ဝိုင်းစုကအဲ့လိုတခုခုဆိုလို့ရှိရင် မရဘူး မဖြစ်နိုင်ဘူး ဆိုလို့ရှိရင် မရရအောင်လုပ်တဲ့အကျင့်ရှိတယ်

အဲ့လိုဆိုတော့ ချက်တဲ့ အချိန်မှာ သူကြိုက်သွားတယ် နောက်တစ်ခုနောက်တစ်ခု ချက်ရင်းနဲ့ ချက်ဖြစ်သွားတာ ဝိုင်းစုကအမြဲတမ်းတော့ မချက်ဘူး သူဒါလေးစားလို့အဆင်မပြေဘူးဆိုရင် ထပြီးတော့ လုပ်ပေးလိုက်တယ် အဲ့ဒီလိုမျိုးပါ” လို့ အိမ်မှာ စားဖိုမှှုး လုပ်ဖြစ်တဲ့အကြောင်းပြောပြလာခဲ့တာပါ။

ကိုဗစ်ကာလမှာ ကြုံနေရတဲ့ အခက်အခဲတွေနဲ့ပတ်သတ်ပြီးတော့လည်း ဝိုင်းစုခိုင်သိန်းက ” အစ်မတို့ကတော့ ဒါကြီၤးမြန်မြန်ပြီးဖို့ပဲဆုတောင်းနေတာပေါ့နော်….. အခုဟာက ဒုတိယလှိုင်းလည်းပြန်စပြီးပြန်ကူးစက်နေတာဆိုတော့ နောက်နှစ်သင်္ကြန်တောင်ပြီးပါ့မလားဆိုပြီး စိုးရိမ်နေရလို့ ညည အိပ်တော်မပျော်ပါဘူး” လို့ ပြောပြခဲ့တာပဲဖြစ်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*