ဆယ်တန်းစာမေးပွဲ ကျရှုံးခဲ့တဲ့ ညီမဖြစ်သူ စိမ်းလဲ့ရတနာ နဲ့ ပတ်သတ်ပြီး သူ့ရဲ့ အမြင်ကို ပြောပြလာတဲ့ နေခြည်ဦး

  • ယခု သတင်းသည် Shwe Yaung Myanmar မှ ရေးသားထားသော သတင်း ဖြစ်သည်။

သွက်လက်တဲ့အမူအရာလေးတွေ, အများနဲ့မတူတဲ့ချစ်စရာဟန်ပန်လေးတွေနဲ့ပရိသတ်တွေရင်ထဲမှာ နေရာတစ်နေရာရရှိလာတဲ့ နေခြည်ဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ beauty bloggerတစ်ယောက်အနေနဲ့စတင်လာခဲ့ပြီး မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲ social influencerတစ်ယောက်အနေနဲ့ပါရပ်တည်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါ့ပြင်နေခြည်ဦးဟာ မင်းသမီးတစ်ယောက်အနေနဲ့လည်းအနုပညာလမ်းကြောင်းပေါ်ရောက်ရှိနေပြီဖြစ်ပြီး ရုပ်ရှင်ကားကြီးတွေ၊ဇာတ်လမ်းတွဲတွေထိပါ ‌ရိုက်ကူးလာနိုင်တဲ့သူဆိုလည်းမမှားပါဘူးနော်။

နေခြည်ဦးဟာ သူ့ရဲ့ အငယ်ဆုံးညီမလေးဖြစ်သူ စိမ်းလဲ့ရတနာကို အမြဲပွဲထုတ်ကာ မင်းသမီးဖြစ်စေချင်တယ်လို့လည်း ဆိုထားခဲ့တာပါ ယခုနှစ် ဆယ်တန်းစာမေးပွဲ ကျရှုံးခဲ့တဲ့ ညီမဖြစ်သူ နဲ့ ပတ်သတ်ပြီး သူမရဲ့ အမြင်ကိုလည်း အခုလို ပြောပြလာခဲ့ပါတယ်


“သူတဘာသာကျတာ Physics လားမသိဘူးကျတယ် ဘာလို့ ကျတာလဲမေးတော့ စာမလုပ်လို့ပါတဲ့ အဲ့လောက်ခက်မယ်လို့လည်း မသိလိုက်ဘူးပေါ့ ပြန်ဖြေမယ်လို့လည်း ပြောတယ် နေခြည်ကလည်းဖြေစေချင်တယ် ပညာရေးကိုတော့ လုံးဝမထိခိုက်စေချင်ဘူး ဆယ်တန်းလည်းအောင်စေချင်တယ် သူ့ကို မင်းသမီးဖြစ်စေချင်တယ် မင်းသမီးရုပ်လည်းထွက်တယ်လို့ နေခြည်ထင်တယ်”

“နေခြည်ကတော့ သူ့ကို မင်းသမီးတယောက်အနေနဲ့အခုတည်းကဖြစ်လာအောင် Facebook Page အနေနဲ့ သွားပေးနေတယ် သူ့ကိုလည်းတကယ်လမ်းပြပေးနိုင်မယ်ထင်တယ်ပေါ့ အကောင်းဆုံးတော့ဖြစ်လာမှာပါ ” လို့ဆိုလာခဲ့တာဖြစ်ပါတယ်


နေခြည်ဦးကတော့ ညီမဖြစ်သူကို ဆယ်တန်းစာမေးပွဲ ကျရှုံးခဲ့တဲ့အတွက် အားပေးခဲ့သလို သူမရဲ့ အမြင်ကိုလည်းပြောပြသွားခဲ့တာပါ ပရိသတ်ကြီးရေ

Be the first to comment

Leave a Reply

Your email address will not be published.


*