လမ်းတွေကို ပိတ်ဆို့ထားတာဟာ ကိုဗစ် ၁၉ ကိုကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသားဝေဖန်ထောက်ပြလာတဲ့ ဖိုးချစ်

  • ယခု သတင်းသည် Shwe Yaung Myanmar မှ ရေးသားထားသော သတင်း ဖြစ်သည်။

ပရိသတ်အချစ်တော် ဇာတ်မင်းသားလေး ဖိုးချစ်ကတော့ ဇာတ်သဘင်လောကမှာ မသိသူမရှိလောက်အောင် သဘင်လောကသားတွေကို ကြည့်ရှုစောင့်ရှောက်ပေး နေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ဇာတ်သဘင်လောကမှာလည်း နာမည်ကြီးသလို သူရှင်သန်ရာ ဇာတ်သဘင်နဲ့ ပတ်သက်ပြီး အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ မြန်မာ့ ဇာတ်သဘင်ရဲ့ ဥက္ကဌအဖြစ်လည်း တာဝန်ယူဆောင်ရွက်နေသူ ဖြစ်ပါတယ်။


ယခုကိုဗစ်ကာလမှာတော့ ရန်ကုန်မြို့မှ မြို့နယ်အများအပြားကို ရောဂါပိုးပျံ့နှံ့မှုကာကွယ်နိုင်ရန် လမ်းပိတ်ဆို့မှုများပြုလုပ်လာကြတာကို တွေ့ရပါတယ် ဒီလို ပိတ်ဆို့ကြတာနဲ့ ပတ်သတ်ပြီး ဖိုးချစ်က ဒီလိုလမ်းပိတ်ဆို့တာတွေဟာ ကိုဗစ် ၁၉ ကိုကာကွယ်နိုင်ခြင်းမရှိဘူးလို့ သူ့ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြလာခဲ့တာပါ

“လမ်းတွေ ကို ပိတ်ပြီး တားဆီးတာက မှန်ကန်တဲ့ နည်းလမ်း မဟုတ်ဘူး။ လုံခြုံနိုင်မယ် လို့ ကျနော် မယုံကြည်ဘူး။ လမ်းပိတ်မယ့် အစား လမ်းထဲကို ဘယ်သူ ဝင်လာလဲ၊ ဘယ်သူ ထွက်လဲ၊ ဘယ်က လာလဲ ဆိုတာကို တစ်လှည့်စီ တာဝန် ယူပြီး Mask တပ်ဖို့၊ လက်ဆေးဖို့ သတိပေးသင့်တယ်” လို့ ဖိုးချစ်က ပြောလာခဲ့တာဖြစ်ပါတယ်


“လမ်းတွေကို ဒီလိုတားနေရုံနဲ့လည်း ကျော်ဖြတ်နိုင်မယ်လို့ ကျွန်တော်မယုံကြည်ဘူး ဒီလိုဝါးတွေနဲ့တား ခုံတွေနဲ့တားထားတဲ့ လမ်းထဲပဲ အဲ့လမ်းထဲက တမြို့လုံးလျှောက်သွားထားတဲ့လူကျ ဘာလို့ဝင်လို့ရတာလဲ ကူးသွားရင် သိတောင်မသိလိုက်ဘူး အဲ့ဒီအစား လမ်းထဲအဝင်အထွက်လုပ်သူတိုင်းကို သေချာ Mask တပ်ခိုင်းမယ် လက်သေချာဆေးခိုင်းမယ်ဆိုရင် အများကြီးပိုပြီး ကာကွယ်နိုင်မှာပါ” လို့လည်း အကြံပြုသွားခဲ့ပါသေးတယ်ပရိသတ်ကြီးရေ

ဖိုးချစ်ကတော့ ကိုဗစ် ၁၉ ကာကွယ်ရေး ပြုလုပ်ရာမှာ ဖြစ်ပေါ်နေတဲ့ အလွဲအမှားတွေကို ထောက်ပြ အကြံပြုသွားခဲ့တာပါနော် ပရိသတ်ကြီးလည်း ကိုဗစ် ၁၉ ဘေးအန္တရာယ်ကနေလွတ်မြောက်နိုင်ဖို့ ကာကွယ်ရေးနည်းလမ်းတွေကို သေချာလိုက်နာဖို့ နှိုးဆော်လိုက်ပါရစေ

Be the first to comment

Leave a Reply

Your email address will not be published.


*