ဆံပင်အကြောင်းတင်လိုက်တဲ့ ဓာတ်ပုံလေးတွေကို ကြည့်ပြီး နို့ပြချငိတာလားလို့ ပြောကြတဲ့အပေါ် ပြင်းထန်စွာတုံ့ပြန်လာခဲ့တဲ့ ခင်သဇင်

  • ယခု သတင်းသည် Shwe Yaung Myanmar မှ ရေးသားထားသော သတင်း ဖြစ်သည်။

သရုပ်ဆောင်မင်းသမီးချောလေး ခင်သဇင်ကတော့ လေယာဉ်မယ်တစ်ယောက်ဘဝကနေ အနုပညာရှင်တစ်ယောက်ဘဝကို ကူးပြောင်းလာသူပါ။ ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ပရိသတ်အသိမှတ်ပြုတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်လာသလို မကြာသေးခင်က MRTV-4 မှာထုတ်လွှင့်ပြသခဲ့တဲ့ အချစ်ဖွဲ့လေညှင်း ဇာတ်လမ်းတွဲမှာလည်း မိုးကလျာ ဇာတ်ရုပ်နဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိ ခဲ့ပါသေးတယ်။


ခင်သဇင်ကတော့ အခုရက်ပိုင်းတင်ခဲ့တဲ့ ဓာတ်ပုံလေးတွေကြောင့် ဘလိုင်းကြီး လာတိုက်ခိုက်မှုတွေရှိလာတဲ့ အပေါ် ပြင်းထန်စွာတုံ့ ပြန်လာခဲ့တာပါ


“ညအိပ်ဝတ်စုံလေးနဲ့ ဆံပင်အကြောင်း တင်ထားတဲ့ဓာတ်ပုံလေးတွေတင်လိုက်တာကို အောက်မှာ လာပြောကြတယ် KTV ကဆော်လားတို့ ဘာတို့နဲ့ ပြောတဲ့လူတွေကို ကြည့်ရင် ယဉ်ကျေးမှုဝန်ကြီးဌာန ကလူတွေ ကိုယ့်ထက် အများကြီး မြင့်တဲ့လူတွေလားဆိုတော့လည်းမဟုတ်ဘူး သက်သက်အာဝင်ချောင်တာ အဲ့လို အာချောင်တာမျိုးကိုတော့ ခင်သဇင်က မကြိုက်ဘူး ” လို့ သူမပုံအောက်မှာ အာချောင်သူတွေကို ပြင်းထန်စွာ တုံ့ပြန်လာခဲ့တာဖြစ်ပါတယ်

“ခင်သဇင်ပြောတာက ဘူးပါ ရတယ် ယောကျာ်းတွေအကုန်လုံးနှာဘူးတွေကြီးပဲ ခင်သဇင်တို့လည်း တောင့်တဲ့ မိုက်တဲ့ ကောင်လေးတွေတွေ့ရင် ကြည့်ပြီး ကြိုက်လိုက်တာပဲ မကြိုက်ရင်လည်းကျော်သွားလိုက်တာလည်းမဟုတ်ဘူး သက်သက်အာဝင်ချောင်တာ” လို့ဆက်လက်ပြောဆိုလာခဲ့တာပါ

ခင်သဇင်ကတော့ သူမရဲ့ဓာတ်ပုံကိုကြည့်ပြီး တိုက်ခိုက်လာသူတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်လာခဲ့တာပါနော် ပရိသတ်ကြီးရဲ့ အမြင်လေးတွေကိုလည်း မျှဝေခဲ့ကြပါအုန်းနော်

Be the first to comment

Leave a Reply

Your email address will not be published.


*