ချစ်စရာ သမီးလေးကို အိမ်ခေါ်ပြီး အပြီးတိုင်မွေးစား ဖြစ်ခဲ့တဲ့ အကြောင်းရင်းကို ပြောပြလာတဲ့ ခိုင်နှင်းဝေ

  • ယခု သတင်းသည် Shwe Yaung Myanmar မှ ရေးသားထားသော သတင်း ဖြစ်သည်။

ခိုင်နှင်းဝေကတော့ Covid ကာလအတွင်းမှာလည်း ပရဟိတအလုပ်တွေ ဆက်တိုက် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အဲဒီနောက် သူမရဲ့ ရင်သွေးလေးတွေရဲ့ ဂေဟာမှာလည်း ကလေးတွေကို ကိုယ်တိုင်စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။ ခိုင်နှင်းဝေရဲ့ ပရဟိတလုပ်ငန်းတွေဟာ ပြည်တွင်းမှာသာ မက ထိုင်းနိုင်ငံ ခိုလမြို့ မှာလည်း ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ ပရဟိတအလုပ်တွေကတော့ သူမကို ချစ်တဲ့ ပရိသတ်တွေ ဖွဲ့စည်းထားတဲ့ ပရဟိတအဖွဲ့ ဖြစ်ပါတယ်။  

ခိုင်နှင်းဝေကတော့ သူမဂေဟာမှ ကလေးငယ်လေးတွေကို အထူးဂရုစိုက်ပေးနေတာဖြစ်ပြီး မိဘသဖွယ်စောင့်ရှောက်ပေးနေတာလည်းဖြစ်ပါတယ် သမီးလေး ရွှန်းရတီခိုင်ကိုတော့ အိမ်ခေါ်ပြီး အပြီးတိုင် မွေးစားထားခဲ့တာဖြစ်ကာ ဒီလို မွေးစားဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းကိုတော့ အခုလိုပြောပြထားခဲ့တာပါ

“သမီးလေးကအမရဲ့ ပဌာန်းဆက်လို့ပဲပြောရမှာပေါ့လေ အိမ်မှာကျတော့ ကလေးတွေအကုန်လုံးကို ခေါ်မထားနိုင်ဘူးလေ အိမ်မှာက မိသားစုနည်းတယ်ဆိုတော့ အမေကလဲ အသက်ကြီးပြီဆိုတော့ သူ့မြေးလေးနဲ့ဆို အဆင်ပြေတာပေါ့ အဲ့လိုနဲ့ထူးထူးခြားခြားအိမ်ရောက်လာတာ ဒီကလေးတွေမမွေးခင်တည်းက သူကအိမ်ရောက်လာတာပေါ့” လို့ ဆိုလာခဲ့တာဖြစ်ပါတယ်


ဆက်လက်ပြီး သူမက “အစ်မက ကလေးတွေအကုန်လုံးကို တပြေးညီချစ်ပါတယ် ဘယ်သူ့ကု်မှ ပိုတယ်ဆိုတာမရှိဘူး သူတို့ကလည်း ကိုယ်မေတ္တာပေးလို့ မေတ္တာရတယ်ပဲပြောရမယ် ကိုယ့်ကို အမေလိုပဲ သိတတ်စအရွယ် ကလေးတွေအကုန်လုံးကချစ်ကြတယ် ကလေးလေးတစ်ယောက်ဆို ကိုယ် ၂ ရက် ၃ ရက်လောက်မသွားနိုင်တာနဲ့ ဖျားတဲ့အထိပဲ” လို့ပြောပြသွားခဲ့တာပါ

ဒါကတော့ သမီးလေး ရွှန်းရတီခိုင်ကို အိမ်ခေါ်ပြီးမွေးစားဖြစ်ခဲ့တဲ့ အကြောင်းအရင်းကို ခိုင်နှင်းဝေပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်

Be the first to comment

Leave a Reply

Your email address will not be published.


*