Lifestyle

ကျော်မသွားပဲဝင်ဖတ်ကြည့်ပြီးစာနာသနားသောအားဖြင့် ကူရှယ်ပေးကြပါအုံးဗျာ

မဂ်လာပါအလှူခံပို့စ်လေးတင်ပါရစေရှင်ဒီအန်တီကြီးနာမည်ကဒေါ်မာမာအေးလို့ခေါ်ပါတယ်အသက်(46)နှစ်ရှိပါပြီအတွင်းကလီဇာများမကောင်းပါသဖြင့်ရေတွယ်ရောဂါဖြစ်နေတာကြာပါပြီရှင် ယခုကိုဗစ်ကာလမှာဆေးဖိုးဝါးခမတတ်နိုင်ပါသဖြင့်ကူညီတောင်းခံလို့အလှူခံပို့လေးတင်ပေးရခြင်းဖြစ်ပါတယ်ဒီအန်တီကြီးကတော့စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့နယ်မင်းရွာမှာနေထိုင်ပါတယ်ခင်ဗွန်းဖြစ်သူကလည်းပျံကျလက်လုပ်လက်စားဖြစ်ပါတယ်သားသမီး၃ယောက်ရှိပါတယ် ရောဂါကြာရှည်နေပြီဖြစ်ပါတယ်ဆေးခန်းတွေလည်းစုံနေပါပြီရှင့်မန်းတလေးဆေးရုံကြီးကလည်းထိုင်းသွားကုရပါမယ်ခို့ပြောပါသွားရောက်မကုသနိုင်ပါဘူးတဲ့ပက်လက်လည်းလှန်အိပ်မရသလိုအခုပုံပိုင်းအတိုင်းနေ့ရောညရောအဲလိုအိပ်အဲလိုစားရပါတယ်တဲ့ရှင့် ယခုချိန်ထိဆေးမှတ်တမ်းသူနေထိုင်သည့်အိမ်ရွာဖုန်းနံပါတ်အစုံတင်ထားပါတယ်သွားရောက်လည်းကြည့်ရှု့နိုင်ပါတယ်ယခုအလှူခံခြင်းကလည်းဆေးဖိုးမရရင်တောင်အောက်စီဂျင်ဖိုးလေးအလှူခံတာပါရှင်တခါဝယ်ရင်အောက်စီဂျင်၂ဘူးဝယ်ယူရပါတယ်တဲ့ရှင့် လူနာရှင်အမည်–ဦးမိုး​ရွှင်၏ဇနီးဒေါ်မာမာအေး/နေရပ်–မြို့ရွာမြို့နယ်မင်းရွာ/ဖုန်း09677280888(ဒေါ်မာမာအေး)09.776643050/nwe nwe aung (စစ်ကိုင်းတိုင်းဒေသကြီးခေျာင်းဦးမြို့)ကိုလည်းဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါတယ်ရှင် အန်တီဒေါ်မာမာအေးကိုင်ဆိုင်တဲ့ဖုန်းကိုလည်းဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင်ကျွန်မဖုန်းကိုလည်းဆက်သွယ်လှူနိုင်ပါတယ်သို့ပါရျ်ကျွန်မရဲ့ချစ်သူငယ်ချင်းများရှင်မလှူနိုင်ရင်တောင်like&shareလေးဖြင့်ကုသိုလ်များယူပေးကြပါဦးရှင်

Lifestyle

ကျောင်းမတက်နိုင်တဲ့ ကျောင်းသားအိမ်ကို ဆန်အိတ်နဲ့ သွားပို့ခဲ့တဲ့ ကျောင်းအုပ်ကြီး

ယနေ့ခေတ်မှာ ရှိတော့ ရှိနိုင်ပါတယ်။ဒါပေမယ့် တကယ်ရှားတဲ့ ဒီလို ကျေလေးစားမိပါတယ်ဆရာယနေ့ခေတ်မှာ ရှိတော့ရှိတယ် ရှားတဲ့မြတ်ဆရာပါ တပည့်မရှား တစ်ပြားမရှိ ပီတိကိုစား အားရှိပါ၏။ တပည့်ဖြစ်သူ ဝမ်းစာရေး အခက်အခဲရှိလို့ ကျောင်းမတက်ပဲ မိခင်ဖြစ်သူနှင်အတူ ပဲအငှားလိုက်ခူးနေသူတပည့်ကျောင်းသားအတွက်ဆန်အိတ်ကို ဆိုင်ကယ်ပေါ်တင်ပြီးလိုက်ပို့တဲ့ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့က ကျောင်းအုပ်ဆရာကြီးတဲ့ဗျာ လေးစားမိပါတယ်ကွင်းထဲမှာ သားအမိတွေ ပဲသွားကောက်နေတယ်ဆိုလို့ လယ်ကွင်းထဲအရောက်လိုက်သွားပြီး တပည့်ဖြစ်သူကို စာသင်ခန်းအတွင်း အရောက်ပြန်ခေါ်တာတဲ့ မြတ်ဆရာပါ

Lifestyle

အွန်လိုင်းမှာ လူကြည့်များနေတဲ့ ကိုရင်လေးတွေရဲ့ စက်ဘီးစီးကျွမ်းကျင်မှု့ ရုပ်သံဖိုင်

ကျွန်တော်တို့မြန်မာနိုင်ငံဟာဆိုရင် ဗုဒ္ဓဘာသာဝင်အများဆုံးရှိတဲ့နိုင်ငံရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ ဘုရား တရား သံဃာ ဆိုပီး ရတနာသုံးပါးရှိပါတယ်။ သံဃာဆိုတဲ့အထဲမှာ သာမဏေကိုရင်လေးမှအစ ထေရ်ကြီးဝါကြီးတွေအထိ ပါဝင်ပါတယ်။ ဟိုရှေးယခင်ကာလမှာ ဘုန်တော်ကြီးကျောင်းပညာရေးထွန်းကားခဲ့ပီး သံဃာတော်များလည်း များပြားစည်ကားခဲ့ပါတယ်။ မျက်မှောက်ခေတ်ကာလမှာတော့ မြန်မာနိုင်ငံ သံဃာတော်အေ ရ အ တွက် ဟာ တစ်နေ့တစ်ခြားနည်းပါးလာတာ ဟာ ဗုဒ္ဓဘာသာအတွက် ရင်လေးစရာဖြ စ်ပါ တယ်။ ဗုဒ္ဓစာပေနဲ့ အသိပညာများကို ပြန်လည်မျှေဝ ဟောကြားဆုံးမကြတဲ့ သံဃာတော်များ လျှော့ […]

Lifestyle

အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ တောရွာက လူငယ်လေးများရဲ့ ဇာတ်သဘင်တင်ဆက်မှု မိုက်တယ်ဗျာ….

အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ တောရွာက လူငယ်လေးများရဲ့ ဇာတ်သဘင်တင်ဆက်မှု မိုက်တယ်ဗျာ….ပွဲတောင်ကြည့်ချင်သွားတယ် ဇာတ်ပွဲတွေမကြည့်ရတာတောင်ကြာပြီ ဖရဲသီးသယ်တွေရော ဓာတ်မီးထိုးပြတဲ့လူတေရောစုံစိလို့ အားပေးလိုက်ကြပါအုံးနော် လူပြည်ဆိုတာ သုံးဆယ့်တစ်ဘုံမှာ အမြင့်မြတ်ဆုံးနဲ့ ရဖို့ခဲယာဉ်တယ်လို့ မှတ်သားဖူးပါတယ်။ ရခဲလှတဲ့လူ့ဘဝမှာ ကုသိုကောင်းမှုတွေလည်းလုပ် စားဝတ်နေရေး လူမှုရေးတွေနဲ့ နေ့စဉ်နပန်းလုံးနေရပီး အဆင်ပြေတဲ့အခါလည်းရှိသလို အဆင်မပြေမှု ဆုံးရှုံးမှုဆိုတာလည်း လူတိုင်းလိုလို ကြုံတွေ့ကြရတာ ဓမ္မတာပါ။ အဲလို စိတ်ဆင်းရဲ စိတ်သောကရောက် စိတ်ထိခိုက်စရာဆိုတာတွေကို မေ့ပြစ်ပီး ရခဲလှတဲ့လူဘဝကြီမှာ ပျော်ချိန်မှာပျော်လိုက်မယ် စီးပွားရှာချိန်စီးပွားရှာမယ် တရားရှာချိန်မှာ […]

Lifestyle

ခွေးစာကို လုစားနေတဲ့ ဦးစောကြည်ဝင်း…(ရုပ်သံ) မျက်ရည်တွေကျပြီး စားနေတာ သနားစရာပါ

ခွေးစာကို လုစားနေတဲ့ ဦးစောကြည်ဝင်း ပလုံလိုက်ကောက်ပြီး အသက်75နှစ် ဖခင်ကြီးနဲ့ အသက်70နှစ် မိခင်ကြီးကို စောင့်ရှောက်နေတာ။ လမ်းဘေးက အစားအစာကို မျက်ရည်တွေကျပြီး စားနေတာ သနားစရာပါ။ သူ့ကိုသနားလို့ one star snack က မုန့်တွေအပြင် ထမင်းပါကျွေးလိုက်တာ၊ သူ့ထမင်းဗူးကို ကုန်အောင်မစားဘဲ အိမ်ကျမှ စားတော့မယ်ဆိုပြီး မိဘတွေ အတွက် ပြန်ယူသွားတာ။ မိဘကိုစောင့်ရှောက်တဲ့ အဘ အမြန်ဆုံး အဆင်ပြေပါစေ။ အဘကို နောက်နေ့တွေလဲ ထမင်းပို့ပေးပါဦးမယ်လို့ […]

Lifestyle

ကျောင်းဆရာ တစ်ဦးရဲ့သင်္ချိုင်းကုန်းထဲမှာ ထမင်းစားခဲ့ရတဲ့အဖြစ် (ဖြစ်ရပ်မှန်) …

ကျွန်တော်တောကျောင်းကနေမြို့ကျောင်းကိုပြောင်းလာပေမယ့်မြို့ပေါ်ကျောင်းမှာနေရတာမဟုတ်ဘူး။မြို့နဲ့မနီးမဝေးမူလတန်းကျောင်းလေးကိုရောက်လာတယ်။ လေးတန်းအတန်းပိုင်တာဝန်ယူရတယ်။ကျောင်းကယိုင်တိုင်တိုင်စုတ်ချာချာ။မိုးရွာလေတိုက်ရင်မိုးလွတ်တဲ့နေရာခိုနေကြရတယ်။ ကျွန်တော့်လေးတန်းမှာကျောင်းသား၂၄ယောက်ရှိတယ်။အဲဒီခေတ်ကအုပ်စုလိုက်စစ်ဆိုတော့အစိုးရစစ်လိုပဲ။တစ်ကျောင်းနဲ့တစ်ကျောင်းပြိုင်နေကြတာဆိုတော့ တန်းလုံးကျွတ်အောင်တာကိုဂုဏ်ရှိတယ်ထင်နေကြတာ။ကျွန်တော့်ကျောင်းအုပ်ကြီးကတော့တဝက်အောင်ရင်တော်ပြီဆိုပြီးနေတာ။ အတန်းထဲကကလေးတွေမဆိုးပါဘူး။အရည်အချင်းလေးတွေတော့အရှိသား။လေ့ကျင့်အားနည်းနေတယ်လို့သုံးသပ်တယ်။အရင်ကကျောင်းအုပ်ဆရာကြီးကတာဝန်ယူထားတာကိုး။ သူလည်းတခါတရံသူ့ကိုယ်ရေးကိုယ်တာရှိလေတော့အကြောင်းပြပြီးကျောင်းလာတစ်ချက်၊မလာတစ်ချက်ဆိုတော့ကလေးတွေပညာငတ်နေကြတာပေါ့။ ကျွန်တော်အတန်းပိုင်ဖြစ်တော့ကလေးတွေတစ်ဦးချင်းကိုလေ့လာရတယ်။အားလုံးအနေအထားကောင်းတယ်။တန်းလုံးကျွတ်အောင်နိုင်တဲ့အနေအထားမှာရှိတယ်။ ကျွန်တော်ကလည်းတာဝန်ယူခဲ့တဲ့ကျောင်းတိုင်းမှာတန်းလုံးကျွတ်အောင်တာကိုမှဂုဏ်ယူတတ်တာဆိုတော့မောင်းရတော့တာပေါ့။ အတန်းထဲမှာဖြူမဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။ဖြူဖြူသေးသေးလေး။စာအတော်လေးညံ့တယ်။လက်ရေးညံ့တယ်။သေသေချာချာလေ့လာကြည့်တော့ဖြူမကဉာဏ်ကောင်းတယ်။ ဒါပေမဲ့သူ့ကိုအတန်းထဲကအတန်းဖော်တွေကသိပ်အရောမဝင်တော့ဂျစ်တစ်တစ်၊ညစ်တစ်တစ်လုပ်ချင်နေတာ။ကျွန်တော်ကသူ့ကိုလက်ရေးက,စပြင်တော့ကျွန်တော့်ကိုနည်းနည်းအသိအမှတ်ပြုစဖြစ်လာတယ်။ တစ်နေ့တော့ရွာထဲမှာမဟာဒုတ်ပွဲဆိုပြီးအလှူတွေခံကြ၊ပွဲတွေခံကြ၊အကြီးအကျယ်လုပ်တယ်။ကျွန်တော်ကလေးတွေရဲ့လေ့ကျင့်ခန်းစာအုပ်တစ်ထပ်ကြီးနဲ့အလုပ်ရှုပ်နေချိန်မှာ ဖြူမကမရဲတရဲကျွန်တော့်နားကပ်လာပြီး“ဆရာ… သမီးတို့အိမ်ကမဟာဒုတ်ဘုရားမဲပေါက်တယ်။အဖေကဆရာ့ကိုအိမ်မှာထမင်းလာစားပါလို့ဖိတ်ခိုင်းလိုက်လို့” ကျွန်တော်ကလည်းသာမန်လောက်ပဲထင်ပြီး“အေး… အေး” လို့ပြောလိုက်တော့သူကထပ်ပြီးသေချာအောင်“တကယ်လာမှာလားဆရာ… အဖေ့ကိုပြန်ပြောလိုက်မယ်” ကျွန်တော်ကလည်းသာမန်လောက်သဘောထားပြီးခေါင်းငြိမ့်ပြလိုက်တယ်။ ညနေကျောင်းဆင်းတော့ကလေးတွေအားလုံးမရှိချိန်မှာဆရာမတစ်ယောက်ကကျွန်တော့်ဆီလာပြီး“ဆရာဖြူမတို့အလှူကိုဆရာတကယ်သွားမှာလား” လို့လာမေးတယ်။ “သွားမှာပေါ့ဆရာမရဲ့၊ဘာဖြစ်လို့လဲ” “ဖြူမတို့ကသုင်းထဲမှာနေတာဆရာ။သူ့အဖေကသုဘရာဇာ၊ဆရာသွားလို့ဖြစ်ပါ့မလား” ကျွန်တော်ဘာဖြစ်လို့ဖြူမတစ်ယောက် သိမ်ငယ်စွာနဲ့အတန်းထဲမှာဖြစ်နေတယ်ဆိုတာသဘောပေါက်လိုက်တယ်။ဘာဖြစ်ဖြစ်အဲဒီအလှူကိုကျွန်တော်သွားဖြစ်အောင်သွားဖို့ဆုံးဖြတ်လိုက်တယ်။ နောက်တစ်နေ့ကျောင်းကိုစောစောလာတော့ဖြူမကကျောင်းလှေခါးကနေလာစောင့်နေတယ်။ကျွန်တော့်လွယ်အိတ်လေးကိုလာပြေးယူပြီး“ဆရာသမီးနဲ့တစ်ခါတည်းလိုက်ခဲ့မှာလား” လို့မေးလိုက်တယ်။ ကျွန်တော်လည်းခေါင်းငြိမ့်ပြလိုက်ပြီးသူ့နောက်ကလိုက်ခဲ့တယ်။သချိုင်းကရွာပြင်မှာ။ကျွန်တော်သချိုင်းထဲဝင်လိုက်ချိန်မှာအုတ်ဂူကြားလေးတွေကနေခြောင်းကြည့်နေကြတဲ့ကလေးအချို့ကိုလည်းတွေ့လိုက်ရတယ်။ သချိုင်းနဲ့လှမ်းလှမ်းကကုန်းလေးပေါ်မှာဝါးတဲလေးတစ်ခုရှိတယ်။သပ်ရပ်ပြီးပြောင်နေတယ်။အခင်းတွေကဝါးခင်းတွေပဲ။ကျွန်တော်အိမ်ပေါ်တက်ထိုင်လိုက်ချိန်မှာဖြူမရဲ့အဖေကအခန်းထဲကထွက်လာပြီးဘာပြောရမှန်းမသိသလိုနဲ့ယောင်နနဖြစ်နေတယ်။ သူက……”မထင်ပါဘူးဆရာကြီးရယ်၊သမီးကပြောလို့သာ၊ဆရာကြီးတကယ်လာမယ်လို့ကျွန်တော်လုံးဝမထင်ထားပါဘူး” တဲ့။တုန်တုန်ရီရီနဲ့ပြောရှာတယ်။ကျွန်တော်ကလည်း“ကိုကျော်မင်းရယ်ခင်ဗျားအိမ်ကိုမဟာဒုတ်မဲပေါက်လို့ဘုရားတောင်ကြွလာသေးတာပဲ။ကျုပ်ကဘာလို့မလာရမှာလဲ” လို့ပြောလိုက်တယ်။ထမင်းဝိုင်းပြင်ပြီးတော့ကျွန်တော့ကိုတပည့်ဖြူမကလာခေါ်တယ်။ အိမ်ဦးခန်းမှာနေရာယူပြီးစားဖို့ပြင်တော့ကျွန်တော်တစ်ယောက်တည်း။ကျွန်တော်က”ကိုကျော်မင်းလာလေဗျာ။ကျွန်တော်တစ်ယောက်တည်း။ခင်ဗျားလည်းလာစားလေ” လို့ပြောလိုက်တော့ ဖြူမအဖေကအတင်းငြင်းတယ်။နောက်ဆုံးကျွန်တော်က“ကိုကျော်မင်း… ခင်ဗျားမစားရင်ကျွန်တော်လည်းမစားဘူး” ဆိုမှဝင်ထိုင်တယ်။ထမင်းဝိုင်းမှာကျွန်တော်ကြိုက်တဲ့ငါးဘတ်ခေါင်းကိုကြက်ပေါင်သီးနဲ့ချက်ထားတာတွေ့လိုက်ရတယ်။ငပိရည်တို့စရာတွေကလည်းစုံနေတာပဲ။ ကိုကျော်မင်းကကျွန်တော့်ပန်းကန်ထဲကိုငါးဘတ်ခေါင်းကြီးတစ်ခေါင်းလုံးခတ်ထည့်ပေးလိုက်တယ်။ကျွန်တော်ကတစ်ဝက်ဖဲ့ပြီးသူ့ပန်းကန်ထဲပြန်ထည့်ပေးလိုက်ရောကိုကျော်မင်းထမင်းဝိုင်းကနေထပြေးပြီးအိမ်ခန်းထဲဝင်သွားတော့တယ်။ အိမ်ခန်းထဲမှာဟီး…ဟီး..ဆိုတဲ့ငိုသံကြီးကြားလိုက်ရတော့ကျွန်တော်တောင်မျက်ရည်ဝဲတယ်။တအောင့်နေတော့ပြန်ထွက်လာပြီး“ဆရာကြီးရယ်ကျေးဇူးတင်ပါတယ်။ကျွန်တော့်ကိုသုဘရာဇာဆိုပြီးတစ်ရွာလုံးကအဖက်လုပ်ကြတာမဟုတ်ဘူး” လို့ပုဆိုးနဲ့မျက်ရည်တွေသုတ်ပြီးပြောတယ်။ကျွန်တော်သူ့ကိုတရားဟောမနေတော့ဘူး။ ထမင်းကိုဆာဆာနဲ့အားရပါးရစားပြလိုက်တယ်။သူတို့မိသားစုလည်းဝမ်းသာလွန်းလို့ပီတိဖြစ်နေတာကိုကျွန်တော်မျက်ရည်မကျမိအောင်မနည်းထိန်းရင်းကစားနေရတယ်ဆိုတာကိုယ့်ကိုယ်ကိုယ်ပဲသိတယ်။ အဲဒီနေ့က,စပြီးဖြူမအချိုးပြောင်းလာတယ်။ခိုင်းရင်လုပ်တယ်။အရမ်းကြိုးစားတယ်။အဲဒီကလေးအတွက်စိတ်ပူနေရာကနောက်ဆုံးစတုတ္ထတန်းအောင်စာရင်းထွက်လာတော့ကျွန်တော့်ကလေး၂၄ယောက်စလုံးအောင်တယ်။ ဒီရွာသမိုင်းမှာတန်းလုံးကျွတ်အောင်တဲ့ပထမဆုံးအောင်ပွဲပဲ။ကျွန်တော့်အောင်ပွဲကဒီမှာတင်မရပ်ဘူး။ကျောင်းအိုကျောင်းဟောင်းလေးကိုပြင်ဆောက်ဖို့ရွာထဲလိုက်အလှူခံတော့ဆေးလိပ်ခုံတစ်ခုကိုရောက်သွားတယ်။ဆေးလိပ်ခုံသူဌေးကကျွန်တော့်ကိုကြည့်ပြီး“သချိုုင်းထဲထမင်းသွားစားတဲ့ဆရာလား” လို့မေးလိုက်တယ်။ သူကကျွန်တော့်ကိုအိမ်ထဲခေါ်သွားပြီး“ဆရာ့စိတ်ဓာတ်ကိုလေးစားတယ်ဗျာ။ကျွန်တော်လည်းအဲဒီလိုဘဝကသူဌေးဖြစ်လာတာ။ကိုင်းအလှူလိုက်ခံမနေနဲ့။ဆရာ့ကျောင်းကိုကျွန်တော်ပြန်ဆောက်ပေးမယ်။ဒီနှစ်တန်းလုံးကျွတ်အောင်တယ်ဆိုကတည်းကဘာလုပ်ပေးရင်ကောင်းမလဲစဉ်းစားနေတာ” လို့ပြောလိုက်တယ်။ ကျွန်တော်ဒီကျောင်းနဲ့ပတ်သက်ပြီးဒုတိယတစ်ကြိမ်မျက်ရည်လည်ခဲ့ရတယ်။ခုတော့ကျွန်တော်မရှိတော့ပေမယ့်ကျောင်းလေးကတိုက်ကျောင်း၊ကွန်ကရစ်လမ်းတွေနဲ့စည်ကားနေပြီလို့ကြားတယ်။ဖြူမတစ်ယောက်လည်းဘာတွေဖြစ်နေပြီလဲလို့သိချင်လှတယ်။ မူရင်းရေးသားသူ ကို လေးစားစွာ Credit ပေးပါတယ်

Lifestyle

ကလေးမျက်နှာက မဝံ့မရဲလေးမို့ လက်ထဲကိုင်ထားတဲ့ ပိုက်ဆံ၅၀တန်ကို..

မုန့်လာဝယ်တဲ့ ကလေး လက်ထဲက (၅၀) တန်အစုတ်.. ကလေးနှင့် စိတ်ထဲ၊ စွဲထင်သွားတဲ့ အရာ.. ကလေး တစ်ယောက် ဆိုင်ထဲဝ င်လာပြီး မုန့်လာဝယ် ပါတယ်..ကလေးမျက်နှာက မဝံ့မရဲလေးမို့.. လက်ထဲ၊ ကိုင်ထားတဲ့ ပိုက်ဆံကို ဦး ခဏကြည့်.. မယ်နော်လို့ ပြော လိုက်တော့ ဖွဖွလေး ကိုင်ထားတဲ့၊ ပိုက်ဆံကို ပေးပါတယ်.. ပိုက်ဆံက ကျွန်တော်၊ ထင်ထားသလို စုတ်ပြဲ နေပါတယ်၊ ကလေးတွေဟာ စုတ်ပြတ်နေတဲ့.. […]

Lifestyle

မုန့်ဖက်ထုပ်ရောင်းပြီး မိဘကို ရှာကျွေးနေတဲ့ ၉ နှစ်ကလေး

မုန့်ဖက်ထုပ်ကူရောင်းပြီးမိသားစု ဝင်ငွေရှာပေးနေတဲ့ ၉နှစ်အရွယ်ကလေးငယ် ————————— ဖိုးလပြည့် ဆိုသော ၉နှစ်အရွယ်ကလေးငယ်လေးဟာ မိသားစု စားဝတ်နေရေးလုပ်ငန်းြဖစ်သည့် မုန့်ဖက်ထုပ်ရောင်းခြင်းလုပ်ငန်းကို Covid 19ဖြစ်ကတည်းက ဝိုင်းကူရောင်းချပေးနေသည်မှာ ၁၀လနီးပါးရှိလာပြီဖြစ်သည်။ ကလေးငယ်ရောင်းချခြင်းမို့လို့ ဝယ်ယူအားပေးသူအများအပြားရှိသည်။ “အစ်မတို့က အစက စံပြဈေးမှာ အစ်မကမုန့်ဖတ်ထုတ်ရောင်းတယ် ။သူတို့အဖေက ပန်းရံလုပ်တယ်။ ကိုဗစ်ဖြစ်တော့ သူတို့အဖေက အလုပ်နားရတယ်။ အစ်မတို့ရောင်းတဲ့ဈေးနားမှာ လည်း ကိုဗစ်တွေ့လို့ မ‌ေရာင်းရဲဘူးလေ။ အဲ့တော့ရပ်ကွက်ထဲပြန်ရောင်းရတာပေါ့ ။အစ်မကအူအတက်ပေါက်လို့ ခွဲစိတ်ထားတဲ့အတွက် စက်ဘီးနင်းရောင်းလို့မရဘူးလေ ။အဲ့တော့ သားလေးကိုပဲစက်ဘီးနဲ့ရောင်းခိုင်းရတာပေါ့။ […]

Celebrity

မိုး​ဟေကိုနေ့တိုင်းလုပ်တဲ့ ယောဂ​လေ့ကျင့်ခန်း (၄)မျိုး

ဒီတစ်ပတ်တော့ မိုးကိုယ်တိုင်လည်း ဝါသနာပါပြီး စိတ်တည်ငြိမ်မှုနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှုအတွက် အထောက်အကူဖြစ်စေတဲ့ Yoga ကစားနည်းလေးကို ချစ်တဲ့ပရိသတ်တွေနဲ့ Moerians လေးတွေအတွက် Sharing လုပ်ပေးလိုက်ပါတယ်။ မိုးလည်း ကျွမ်းကျင်အဆင့်မဟုတ်ပေမဲ့ စိတ်ရှည်ရှည်နဲ့ ကစားခဲ့တာ နှစ်အနည်းငယ်ကြာခဲ့ပါပြီ။ ဒီလိုပဲ အားကစားနဲ့ ပတ်သက်ရင် တစ်ခုမဟုတ်တစ်ခုကို စိတ်ရှည်ရှည်နဲ့ အမြဲဆော့ဖြစ်တယ်၊ အချိန်ပေးဖြစ်တယ်။ ဒါကလည်းလှပဖို့ဆိုတာထက် ခန္ဓာကိုယ်ကျန်းမာဖို့ကို အဓိကဦးစားပေးတာပါ။ နောက်လည်း မိုး ကစားဖြစ်တဲ့ အားကစားနည်းလေးတွေကို သိသလောက် ပြောပြပေးသွားပါမယ်ရှင့်။ပုံတစ်ပုံချင်းစီမှာ ကစားဖို့နည်းလမ်းလေးတွေရေးပေးထားလို့ […]