ဝက်သားစားနိုင်ပြီလား မိတ်ဆွေ ( ၁ မိနစ်အချိန်ပေးဖတ်ပါ မဖတ်လိုက်ရလျှင်နောင်တရလိမ့်မည်) ရှေးရှေးတုန်းကရွာတရွာမှာ အလွန်ချစ်ခင်ကြသော ကျော်နိုင်နှင့် မောင်မြင့်ဆိုသော ငယ်သူငယ်ချင်းနှစ်ယောက်ရှိလေသည်။ သူတို့နှစ်ဦးလုံးသည် တနေ့လုပ်မှတနေ့စားရသော အခြေခံ လက်လုပ်လက်စား လူတန်းစားများဖြစ်သဖြင့် ခက်ခဲပင်ပန်းစွာဖြင့် ဘဝကိုဖြတ်သန်းလာကြရလေသည်။ အလုပ်ဆိုလျှင်လဲ ဘာအလုပ်ပဲဖြစ်ဖြစ် ကြုံရာကျပန်း လုပ်ကိုင် စားသောက်နေကြရသူများဖြစ်လေသည်။ တခါတလေ အလုပ်ကလေးအဆင်ပြေလို့ ငွေလေးမဆိုသလောက်ရွှင်တဲ့အခါရှိသလို တခါတလေလဲအလုပ်မရှိ၍ ထမင်းပင်နပ်မမှန်ချေ။ ဆောင်းရာသီအစတခုတွင် သူတို့သူငယ်ချင်းနှစ်ယောက်လုံး အိမ်ဆောက်လုပ်ရေးတခုတွင်၊ လက်သမားအလုပ်ရလိုက်၍ ပုံမှန်ဝင်ငွေလေးနဲ့ စိုစိုပြေပြေလေးဖြစ်လာလေသည်။ တနေ့သောအခါ၌ […]